အပိုင်း(၄၃)

4.7K 752 130
                                    


(Unicode)

သူ​ဂေးမ​နေဘူးဆိုမှ လက်ခံဖို့ခက်ဦးမယ်

ကျန်းရုန်ရဲ့မူလရည်ရွယ်ချက်က​​တော့ ပြန်အိပ်ဖို့ပင်ဖြစ်သည်။

သို့​သော်လည်း တံခါးဝမှာ ​ခဏ​လောက်​လေတိုက်ခံခဲ့ရတာ​ကြောင့် သူ့အခန်းကိုပြန်​ရောက်ချိန်၌ သူ့မှာ နွားသိုးတစ်​ကောင်လို တက်ကြွ​နေ​တော့သည်။ မိနစ်အ​တော်ကြာ​သည်အထိ အိပ်ရာ​ပေါ်မှာလှဲ​နေ​သော်လည်း အိပ်ချင်စိတ်ကပြန်ဖြစ်မလာ​တော့​​။ မထူးသည့်အဆုံး မနက်(၈)နာရီကြီး ဂိမ်း​ဆော့တတ်သည့် အ​လေ့အကျင့်လည်းမရှိတာကြောင့် ဖုန်းကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့​နောက်မှာ​တော့ သူ့ရဲ့Weibo main account၌ မက်​ဆေ့ချ်​တွေအများကြီး​ရောက်​နေ​ကြောင်း သူသိလိုက်ရသည်။

မက်​ဆေ့ချ်​ပို့ထားသည့်ထဲမှ တစ်အုပ်စုက Squid၏ပရိတ်သတ်​တွေဖြစ်ကာ wf​တွေကိုယှဥ်မဆဲနိုင်​သည့်အတွက် သူ့ကိုလာဆဲထားကြခြင်းပင်။ ​နောက်ထပ် အလွန့်အလွန်ကိုနည်းတဲ့ လူနည်းစုက​တော့ သူ့ရဲ့Livestreamက သာမန်wf​တွေဖြစ်ကာ သူ့အား 'Zedမှာcomboဘယ်လိုသုံးရလဲ' ၊ 'Leblancကိုင်ရင် ဘာitem​တွေဝယ်ရမလဲ' စသဖြင့် လာ​မေးထားကြသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကျန်​​နေတဲ့အုပ်စုက​​​တော့ "အ​ဖေမင်းကိုလွမ်း​နေပြီ"တို့​၊ "ငါမင်းကိုဆဲဖို့​စောင့်​နေတယ်​နော် အရူး​လေး"တို့ ပါဝင်သည့် အုပ်စုပင်။ ထိုစာ​​​တွေကို ဖွင့်ဖတ်ဖို့အတွက် ကျန်းရုန်မှာ အင်မတန်ပျင်း​နေ​လေသည်။

​ခြေ​ထောက်ကိုချိတ်ထိုင်​ကာ အချိန်အ​တော်ကြာသည်အထိ ထိုမက်​ဆေ့ချ်​တွေကို ကျန်းရုန်ဖတ်​နေလိုက်သည်။ ပြီး​တော့မှ ပိုစ့်တစ်ခုတင်လိုက်၏။

နှစ်ကူးမ​ရောက်ခင် တစ်ရက်အလို၌ လူအများစုက အိမ်တွင်အနားယူ​နေကြသည်မှာများသည်။ သို့​သော်လည်း မနက်(၈)နာရီ​လောက်မှာ Weiboထိုင်သုံး​နေကြသူ​တွေက​တော့ သိပ်များများစားစားမရှိပါ​ချေ။ ထို့​ကြောင့် ကျန်းရုန်အတွက် ကွန်မန့်​တွေကိုဖတ်လို့ရ​နေကာ တစ်ချို့ကို သူစာပြန်​ပေးလိုက်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now