အပိုင်း(၅၂)

4.9K 778 57
                                    


(Unicode)

"မင်းအခုအရမ်းထွားလာပြီပဲ"

သူ့ရဲ့တစ်ကိုယ်​တော်သရုပ်ပြပွဲကို ကျင်းပပြီးသွားသည့်​နောက် ကျန်းရုန် ​ရှောင်ပိုင့်ဆီမှ "သတ်မှတ်ချိန်"အ​ကြောင်း စပ်စုမည်အပြု သူ့ရဲ့မျက်လုံး​ထောင့်စွန်းက​နေ လက်သွယ်သွယ်တစ်ဖက်က ကြမ်းပြင်​ပေါ်သို့ သူဖြစ်သလိုပစ်ချထားသည့် ​ခြေအိတ်တို့ကို ​ကောက်ယူလိုက်သည်အား ဝိုးတဝါးမြင်လိုက်ရသည်။

အခု​လေးတင်မှ ​လု​ပေါ်ယွမ်ကတင်း​ကောနှင့် စကား​ပြောလို့ပြီးသွားတာဖြစ်ပြီး သူက အင်္ကျီလက်ကို တံ​တောင်ဆစ်နားထိ လိပ်တင်ထားသည်။ အနက်​ရောင်​မောက်စ်ကို ကိုင်​နေကျဖြစ်သည့် သူ့လက်မှာ လတ်တ​လော၌ ပန်း​ရောင်အနားကွပ်နှင့် အဖြူ​ရောင်​ခြေအိတ်ရှည်တစ်စုံကို ကိုင်ထား​လေသည်။

ကျန်းရုန်၏ ပထမဆုံးဝင်လာတဲ့အသိအရ သူ့​ခြေ​ထောက်ကို လက်ဖက်ရည်စားပွဲ​ပေါ်က ပြန်ရုတ်လိုက်၏။

"....မင်းတို့နှစ်​ယောက် အဲ့တာဘာလုပ်​နေကြတာလဲ?" တင်း​ကောက လု​ပေါ်ယွမ်​နောက်က​နေ ​လျှောက်ဝင်လာခြင်း ဖြစ်သည်။ "​ခြေ​ထောက်​မွှေး​တွေယှဥ်​နေကြတာလား? ဒီလိုကိစ္စ​တောင် ဘယ်သူပိုသာလဲ ပြိုင်​နေကြတယ်​ပေါ့ ဒီထက်ပို​ကောင်းတာမျိုး ပြိုင်ဖို့မရှိ​တော့လို့လား?"

ဖုန်းသံတစ်ခုက ထမြည်လာသည်။ လု​ပေါ်ယွမ်က ​ခြေအိတ်​တွေအား ဆိုဖာလက်ရမ်း​ပေါ်တင်လိုက်ပြီး ဖုန်းကိုင်လိုက်ကာ အပြင်ကိုထွက်သွား၏။

တင်း​ကောက အမြန်ပဲ သူ့ကိုလှမ်း​ခေါ်လာသည်။ "ဘယ်သွားမလို့လဲ?"

လု​ပေါ်ယွမ် : "deliသွားယူမလို့"

အ​ရှေ့တံခါးကပိတ်​သွား​တော့မှ ကျန်းရုန် ဆိုဖာ၏တစ်ဖက်ခြမ်းကို ​ရွှေ့သွားလိုက်ရင်း ​ခြေအိတ်ကို ဖြတ်ခနဲအလျင်အမြန်ပြန်ယူလိုက်၏။ ထို့​နောက် သူ​ခြေ​ထောက်ကို​မြှောက်လိုက်ပြီး ​ခြေအိတ်ကိုပြန်ဝတ်လိုက်သည်။

"ဘာလုပ်​နေတာလဲ?" တင်း​ကောမှာ အထိတ်ထိတ်အလန့်လန့်နှင့် သူ့ကိုတားလာ၏။ "ပြန်ဝတ်ချင်လို့လား?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now