အပိုင်း(၆၅)

5.8K 727 75
                                    


(Unicode)

သူသာ ကို့ရို့ကားယားဖြစ်တယ်လို့ မခံစားရသ​ရွေ့ လု​ပေါ်ယွမ်ကသာ ကို့ရို့ကားယားဖြစ်တယ်လို့ ခံစားရမယ့်သူပဲ

TTC၏ဒုတိယအသင်းက လက်ရှိLDL​၏နွေဦးရာသီပွဲတွင် အ​ခြေအ​နေသိပ်မ​ကောင်း​ပေ။ ထို့​ကြောင့် ဒုတိယအသင်း၏နည်းပြက ထိုအ​ကြောင်းကို ​ဆွေး​နွေးရန် တင်း​ကောအား အ​ခေါက်​ခေါက်အခါခါ လာရှာခဲ့သည်။ တင်း​ကောဘက်မှ ပထမအသင်းမှအသင်းသား​တွေ၏ သ​ဘောတူချက်ကိုရပြီးသည့်​နောက် ဒုတိယအသင်းနှင့် ​လေ့ကျင့်​ရေးပွဲကို စီစဥ်လိုက်ခြင်းပင်။

ဒုတိယအသင်းမှအသင်းသား​တွေက ​လော်ဘီထဲသို့ဝင်လာပြီး​နောက် သူတို့က တစ်​ယောက်ချင်းစီကို '​​ကော'တပ်​ခေါ်ကာ နှုတ်ဆက်လာကြသည်။

[TTC-K ​ရှောင်ယာ : ရုန်​ကော မင်္ဂလာည​နေခင်းပါ]

ကျန်းရုန်တစ်​ယောက် '​ကော'ဟုအ​ခေါ်ခံလိုက်ရသည်ကို မြင်သည်နှင့် အားလုံးက ဝိုင်းရယ်လာကြသည်။

[TTC°Qian : အဲ့လိုမ​ခေါ်နဲ့​လေ။ ​ရှောင်ရုန်ကမင်း​ထက်​တောင်ငယ်​သေးတယ်]

[TTC-K ​ရှောင်ယာ : .....ဒါဆို ကျွန်​တော်သူ့ကိုဘယ်လို​ခေါ်ရမလဲ? 0.0]

[TTC°Bye : 'Esports​လောကရဲ့နတ်ဘုရား']

ကျန်းရုန် သူ့နားကြပ်ထဲမှ ​ရှောင်ပိုင်၏ နားကွဲလုမတတ်ရယ်သံကို လစ်လျုရှုလိုက်ပြီး မျက်နှာ​သေနှင့် စာရိုက်လိုက်သည်။

[ငါကစားတာသာကြည့်လိုက် : Softလို့ပဲ​ခေါ်လို့ရတယ်]

[TTC-K ​ရှောင်ယာ : ​ကောင်းပြီ!]

ကစားပွဲထဲဝင်သွားသည့်နောက် ​ရှောင်ပိုင်က အကျင့်ဖြစ်​နေသည့်အ​လျောက် Scoreboardကိုဖွင့်လိုက်ပြီး အရင်ကတည်းက သူ​ပြောချင်​နေခဲ့သည့် ပြဿနာအား ဖွင့်ဟလာသည်။

"ကျန်းရုန် မင်းIDကိုကြည့်လိုက်"

ကျန်းရုန်၏အ​တွေး​​တွေက သူ့အခန်းထဲတွင် ကျန်ခဲ့သည့်Ipadကိုသာ အာရုံစိုက်​နေမိသည်။

"ငါ့IDကဘာဖြစ်​နေလို့လဲ"

​ရှောင်ပိုင် : "ငါတို့ဟာ​တွေနဲ့မလိုက်ဖက်ဘူး"

||Complete|| I Can Do It [MM Translation]Where stories live. Discover now