အပိုင်း(၁၀)

5K 792 139
                                    

ကိုယ့်ဆီလာ

ထိုကဲ့သို့​သောကွန်မန့်တွေက barrageထဲတွင် အလျင်အမြန်ပဲနစ်မြှုပ်သွား၏။သတင်း​ပေးဖို့လာသည့် လူ​တွေဘယ်​လောက်များများ၊Road၏ပရိတ်သတ်​တွေရဲ့ စိတ်အားတက်ကြွမှု​တွေနှင့်​တော့ မယှဥ်နိုင်​ချေ။

အခြားStreamerတစ်​​ယောက်ရဲ့အ​ကြောင်းကို Barrageထဲတွင်ပြော​နေကြသည်ကိုမြင်​တော့ ပရိတ်​သတ်တွေကဒေါသတကြီးနဲ့ သူများရဲ့​​​အောင်မြင်မှုကိုကပ်ပါးရပ်ပါးမှီခိုဖို့လုပ်​နေသည်ဟု ရှုတ်ချဖို့ပြင်လိုက်ချိန်မှာပဲ-

"ဘာside accountလဲ?" လု​ပေါယွမ်က ခွက်အလွတ်ကိုကိုင်ထားရင်း ပြန်ထိုင်ချလိုက်သည်။

[မင်းကိုcyberstalkingလုပ်​နေတဲ့side account​​ပါ]

[မင်းတို့အားလုံး ငါ့သား​လေးကိုမျက်နှာသာ​ပေးကြပါဦးကွာ!ဒီမှာလူ​တွေဒီ​လောက်များ​နေတာကို! ဒါနဲ့ သူ့ရဲ့side account homepageက​ http/....]

လု​ပေါယွမ်က ထိုwebpageကိုနှိပ်ဖို့ပြင်လိုက်စဥ်မှာပဲ "Linkပို့ခြင်း"​ကြောင့် တစ်ဖက်လူက modရဲ့banခံလိုက်ရတာနှင့် အဆုံးသတ်သွားသည်။

Mod​တွေရဲ့လှုပ်ရှားမှုက အ​တော်​လေးမြန်သည်။လု​ပေါယွမ် barrageထဲမှာထပ်ရှာကြည့်​သော်လည်း Linkကိုရှာမ​တွေ့​တော့​ချေ။ထို့​ကြောင့် သူ့​ဘေးနားမှာထိုင်​နေသည့်ဝန်ထမ်းကို လှည့်​မေးလိုက်၏။ "တကယ်လို့အခြားတစ်​ယောက်ရဲ့ livestream roomထဲကို သွားကြည့်ရင်​​​ရော ကျွန်​တော့်videoကရပ်သွားမှာလား?"

Softရဲ့ Livestreamဆီ လု​ပေါယွမ်ဝင်လိုက်ချိန်မှာ​တော့ တစ်ဖက်လူက side accountရဲ့visitor accessကိုဘယ်လိုပိတ်ရမလဲ စုံစမ်းရှာ​ဖွေ​နေသည်။

လူငယ်​လေးက လက်တိုT-shirtကိုဝတ်ထား၏။သူက သူ့ရဲ့တံ​တောင်ဆစ်ကို စားပွဲ​ပေါ်တင်ထားပြီး accountကိုprivateလုပ်လို့ရသည့်optionကို ရှာမ​တွေ့သည်​ကြောင့် စိတ်ပျက်​နေ​သောအမူအရာနှင့် ဆံပင်​တွေကိုဖွ​နေသည်။
"ဒီplatformကဘာဖြစ်​နေတာလဲ....ငါအဲ့ဒီside accountထဲကို ပိုက်ဆံ​တွေဒီ​လောက်ထည့်ထားတာ ဒါကနတ်ဘုရားအဆင့်customerမဟုတ်ဖူးလား? ဘယ်လို​တောင် နတ်ဘုရားရဲ့data​တွေကို ဒီလိုလူတိုင်းကြည့်လို့ရ​အောင်ပြထားတာလဲ?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now