အပိုင်း(၁၂၂)

2.4K 412 25
                                    

အပိုင်း(၁၂၂)

//သခင့်အရှိန်နဲ့​​ဟောင်​နေတဲ့​ခွေး//

ပြီးခဲ့တဲ့နှစ်တွင် TTC spawn campခံခဲ့ရခြင်းက အစကတည်းက တရုတ်LPLကစားသမား​တွေအတွက် မထိမခံနိုင်သည့်ဒဏ်ရာ ဖြစ်ကျန်ခဲ့ရာ အခုလို ဒီအ​ကြောင်းကို တစ်ဖန်စားမြုံ့ပြန်သူ ရှိလာတော့ လူတိုင်းက ​ပေါက်ကွဲကုန်ကြသည်။ Rish၏​ခွေး​ခေါင်းကို ဖုန်းမှန်ထဲက​နေ လှမ်းမရိုက်နိုင်သည့်အချက်ကိုပင် သူတို့​တွေမှာ မုန်းတီး​နေကြလျက်။

အချိန်က ညဥ့်နက်​နေပြီဖြစ်ရာ ဒီလိုအချိန်မျိုးတွင် HS​ပေါ်မှ​နေရာ​တွေကို ပိုက်ဆံ​ပေးဝယ်တတ်သည့် နာမည်ကြီး​တွေလည်း မရှိသည့်အပြင် ဂိမ်းကစားသူ​တွေ၏ အတက်ကြွဆုံးအချိန်ဖြစ်​နေ​တော့ ထိုကိစ္စက သိပ်မကြာလိုက်ပဲ HS​ပေါ်ရှိ​နေရာတစ်ချို့ကို ကြီးစိုးသွား​တော့သည်။

#Rishက TTCကို​လှောင်​နေတဲ့gifကို ပိုစ့်တင်ထားတယ်# ဒီTopic၏အဆုံးတွင် အန်​နေသည့်အီမိုဂျီပါ ထည့်​ပေးထားသည်။

#အွန်လိုင်းဘာသာပြန်​ အရမ်းထစ်​နေပြီ#

#Rishရဲ့gifကို Like​ပေးသွားတဲ့Master#

#LPLကို​ပေါင်းပြီးအရှက်ခွဲ​နေတဲ့HT#

ဂိမ်းသမား​တွေက ဘာသာပြန်အက်ပလီ​ကေးရှင်းကိုသုံးပြီး သူတို့​ပြောချင်သမျှကို ကိုရီးယားဘာသာသို့​ပြောင်းကာ ကိုရီးယားတစ်သိုက်နှင့် ပွဲ​ပေါင်း၃၀၀​​လောက် ညလုံး​ပေါက် ဆင်နွှဲကြ​လေသည်။

[အဲဒီပွဲတုန်းက TTCဘက်မှာ ပင်မအသင်းသားက သုံး​ယောက်ပဲရှိတာ။ သူတို့ဘက်မှာ လူစုံတက်စုံသာဆိုရင် မင်းလို​ကောင်ရဲ့သွား​တွေကျွတ်တဲ့အထိ အ​ဆော်ခံရမှာမဟုတ်လား? ဘယ်သူ့ကို​လှောင်ဖို့ ကြိုးစား​နေတာလဲ?]

[ကိုရီးယားNetizen : ရှုံးတာကရှုံးတာပဲ။ ဘယ်သူ​ကစားတာလဲက အ​ရေးမပါဘူး။ LPLဆိုတာ အရှုံးသမား​တွေပဲမလား?]

(T/N : Netizen--အင်တာနက်သုံးစွဲသူ)

[အရှုံးသမား? ဘာလဲ ပွဲစီစဥ်တဲ့ဘက်က မင်းတို့​ကောင်​တွေ ​သောက်ရမ်းရွံစရာ​ကောင်းတယ်ဆိုပြီး ဆုမ​ပေး​တော့လို့လား? ဒါမှမဟုတ် LPLဘက်က စကားမတည်ဘဲ ရှုံးသွားတဲ့ပွဲကို ထပ်ပြိုင်ခိုင်းလို့လား? ဒီဆု​သေး​သေး​လေးက ဘယ်​လောက်တန်ဖိုးရှိလဲ ဦး​နှောက်​တွေက မစဥ်းစားတတ်ကြ​တော့ဘူးလား?]

||Complete|| I Can Do It [MM Translation]Where stories live. Discover now