အပိုင်း(၁၃၀)

2.7K 441 9
                                    


Rish၏ စာဖတ်နိုင်စွမ်းက သိပ်မတိကျ​ပါ​ချေ။
 
အကယ်၍ အကြည့်​တွေမှာသာ အသံရှိမည်ဆိုပါက ‘ဘယ်အ​ဖေကိုလာကြည့်​နေတာလဲ’ ‘​သောက်အမှိုက်’ ‘ဘယ်လိုဖြစ်လို့ အမှိုက်က​တောင် အင်တာနက်​ပေါ်မှာ တက်​ဟောင်နိုင်တာလဲ’ ဟူ​သော စကား​တွေကို ဘာသာစကားရှစ်မျိုးဖြင့် သူကြားရနိုင်​လောက်သည်။
 
သူတို့​၏အ​ပေါ်တွင် ကင်မရာ​တွေ ရှိ​နေ​ပေသည်။ လု​ပေါ်ယွမ် သူ့​ဘေးရှိလူက HTကို ဝံပု​လွေအသိုက်လို စိုက်ကြည့်​နေသည်အား မြင်လိုက်ရသည့်အခါ မတတ်သာဘဲ ရယ်လိုက်မိပြီး လက်ကို​မြှောက်ကာ ​ခေါင်းကို ပြန်လှည့်​ပေးလိုက်သည်။
 
ပထမပွဲတွင် TTC၏အနိုင်ရမှုက ထင်ထားတာထက် ပိုလွယ်​နေပြီး ချဲ့ကားပြောရလျှင် HTဘက်က ကစား​နေပုံက မနိုင်ဝန်ထမ်း​နေရသလို။
 
LPLမှ ရှင်းလင်းတင်ဆက်သူ​တွေနှင့် ပရိသတ်​တွေက​တော့ နှစ်သစ်ကိုဆင်နွှဲ​နေသလို ပြုမူ​နေကြ၏။ ရှင်းလင်းတင်ဆက်သူ​တွေက ပြီးခဲ့သည့်ပွဲမှ အမိုက်စားကစားကွက်​တွေကို ပြန်ပြ​နေချိန် ပြုံးဖြီးကာ ကြည့်​နေကြသည်။ Mod​တွေအတွက်လည်း ဒီလိုနိုင်ငံတကာပွဲစဥ်၏ ဗိုလ်လုပွဲမှာ အ​​ချောင်ခိုလို့ရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့​တွေလည်း အခြားလူ​တွေနဲ့အတူ ‘666’​တွေ ထိုင်မန့်​နေ​ကြသည်။
 
သို့​သော် ပူ​ဆွေးမှုနှင့် ​ပျော်ရွှင်မှုကို ဘယ်သူကမှ မျှ​ဝေခံစား​ပေးခြင်းမရှိ။
 
LPLဘက်နှင့် သိပ်မ​ဝေးသည့် LCK၏ ရှင်းလင်းတင်ဆက်သူစင်မြင့်ရှိ ရှင်းလင်းတင်ဆက်သူသုံးယောက်မှာ​တော့ မျက်နှာ​တွေပျက်ကာ အပြုံး​တွေကို ဖျစ်ညှစ်ထုတ်ထားရသည်။ သူတို့လုပ်နိုင်သည့် တစ်ခုတည်း​သောအရာက ကစားသမား​တွေကို ဆက်တိုက် အား​ဖြည့်​ပေး​နေ​ရုံသာရှိပြီး ပြီးခဲ့သည့်ပွဲကို ​ဝေဖန်စိစစ်ရတိုင်း သူတို့​တွေက မျက်ခုံးတွန့်သွားကြလျက်။ ကိုရီးယားပရိသတ်​တွေနှင့် ပြည့်ကျပ်​နေသည့် အားကစားရုံ ဘယ်ဘက်ခြမ်းမှာလည်း အလွန်အမင်း ငြိမ်သက်​နေကာ HTနာမည်ပါသည့်ဆိုင်းဘတ်​တွေကို ကြမ်းပြင်​ပေါ်တွင် ယာယီ ချထားကြသည်။
 
တကယ်​တော့ တစ်ပွဲ​လောက် ရှုံးသွားခြင်းက သိပ်လန့်စရာ​​ကောင်း​နေခြင်း မဟုတ်။ ​နွေဦးရာသီ ဗိုလ်လုပွဲမှ HT၏ 3:2ပွဲစဥ်ဆိုလျှင် ဆံပင်ပါ​ထောင်​လောက်စရာ ပွတ်ကာသီကာ အခိုက်အတန့်​တွေနှင့် ပြည့်နှက်​နေ​ပေမယ့် အနည်းဆုံး​တော့ ပွဲတိုင်းမှာ အပြန်အလှန် တိုက်ခိုက်နိုင်​သေးသည်။
 
သို့​သော် ခုဏကပွဲက​တော့….တစ်ဖတ်သတ် အနိုင်ရသွားခြင်းမျိုးပင်။
 
HTက TTCဆီမှ အပြီးတိုင် ဖိနှိပ်ခံလိုက်ရခြင်း။
 
ရှင်းလင်းတင်ဆက်သူA : “TTCက ဒီနှစ်ထဲမှာ အ​တော်​လေး အ​ခြေအ​နေ​ကောင်း​နေတာဗျ….အလယ်လမ်းတင် မဟုတ်ဘူး။ ​အောက်လမ်းသွားနှစ်​ယောက်ကလည်း အရင်ကထက် ပိုပူး​ပေါင်း​ဆောင်ရွက်နိုင်လာပြီး အ​ပေါ်လမ်းသွားရဲ့ တိုက်ပွဲစတဲ့စွမ်းရည် ဖိအားကိုခုခံနိုင်စွမ်းကလည်း မှင်သက်​လောက်စရာပဲ။ Jungleက​တော့ ​ပြောစရာ​တောင်မလိုပါဘူး”
 
ရှင်းလင်းတင်ဆက်သူB : “Jungleဆိုတာနဲ့ အကုန်လုံးက ကျွန်​တော်တို့LPLအပိုင်ပဲ​​လေ”
 
ရှင်းလင်းတင်ဆက်သူCမှာ သူ့အ​ဖော်​တွေနဲ့အတူ ဝင်ကြွားချင်စိတ်ကို ​အောင့်အီးထားရပြီး စိတ်လှုပ်ရှားမှုတို့ကို ထိန်းသိမ်းထားလျက် ​ပြောလာသည်။ “TTCကစားသွားတာ အရမ်းသပ်ရပ်တယ်။ HTဘက်ကလည်း အားမ​လျော့သွားဘဲ စိတ်ပိုင်းဆိုင်ရာကို ထိန်းညှိထားနိုင်ဖို့ ​မျှော်လင့်ပါတယ်ဗျ။ ဒါမှ ​နောက်ပွဲကျရင် ရှိတဲ့အင်အားကို ထုတ်ပြနိုင်မှာ​ပါ”
 
ကြားဖြတ်နားချိန်က ခဏတစ်ဖြုတ်သာ။ LCK၏ ပရိသတ်​တွေနှင့် ရှင်းလင်းတင်ဆက်သူ​တွေ ပထမပွဲ၏အရှုံးဆီမှ ရုန်းမထွက်နိုင်​သေးခင် ဂီတသံကထွက်​ပေါ်လာပြီး အနားယူပြီးသည့်​နောက် အသင်းနှစ်သင်းက စင်​ပေါ်ပြန်​ရောက်လာသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now