အပိုင်း(၆၃)

5K 713 65
                                    


(Unicode)

ငါ့ADCကို​တောက်​လျှောက်လိုက်Gank​နေတာ ငါမင်းကိုဘာများလုပ်မိလို့လဲ?

သူတို့တန်းစီ​နေစဥ်တွင် လု​ပေါ်ယွမ်၏ဖုန်းက အသံမြည်လာခဲ့သည်။

သူ့ဖုန်းထဲတွင်ဖွင့်ထားသည့် Livestream Appကို ပိတ်လိုက်ပြီး မက်​ဆေ့ချ်​တွေကို သွားကြည့်လိုက်သည်။ အရင်တစ်​ခေါက် တို့ဖူ၏Livestreamဆီ သူ့အဓိကအ​ကောင့်နှင့် ​ရောက်သွားပြီးကတည်းက တင်း​ကောက သူ့အရံအ​ကောင့်ကိုသာသုံးဖို့ သတိ​ပေးထားသည်။

[တင်း​ကော : အကြာကြီး​လေ့ကျင့်​မ​နေနဲ့​နော်။ ငါတို့မှာ ​လေ့ကျင့်​ရေးပွဲရှိ​သေးတယ်။ ဆရာဝန်​ပြောထားတဲ့ ​လေ့ကျင့်​ရေးသတ်မှတ်ချိန်ကို စိတ်ထဲမှာမှတ်ထားဦး]

လု​ပေါ်ယွမ်က 'သိပြီ'ဟု စာပြန်လိုက်ပြီး​နောက် သူတို့​တွေလည်း ပြိုင်ပွဲဆီဝင်သွား​တော့သည်။

[TTC°Road သည် ​လော်ဘီထဲ ဝင်​ရောက်လာပါသည်။]

[ငါကစားတာသာကြည့်လိုက် သည် ​လော်ဘီထဲ ဝင်​ရောက်လာပါသည်။]

[I'm qiuqiu You QAQ သည် ​​လော်ဘီထဲ ဝင်​ရောက်လာပါသည်။]

ထိုနာမည်က အခု​လေးတင် Barrageထဲ ရှိ​နေခဲ့သည့်နာမည်ပင်။

လု​ပေါ်ယွမ်က Livestream Appကို ပြန်ဖွင့်ရန်ကြံလိုက်​သည့်တိုင် စက္ကန့်ဝက်​လောက် ချီတုံချတုံဖြစ်​နေပြီး​​နောက် ဖုန်းကိုပိတ်ကာ စားပွဲ​ပေါ်သာ တင်ထားလိုက်​သည်။ အဲ့သည့်​နောက် သူ့ကွန်ပျူတာကို အစားသုံးပြီး StarTVထဲသို့ တိုက်ရိုက်ပင် ဝင်လိုက်​တော့သည်။

​လော်ဘီထဲသို့ဝင်ခါနီး၌ ကျန်းရုန် ပထမဆုံးလုပ်သည့်အရာက သူ့Roleကို သွားစစ်​ဆေးခြင်းပင်။

လု​ပေါ်ယွမ်က Supportဖြစ်ပြီး သူက​တော့ ADCဖြစ်သည်။

ကျန်းရုန်​ကျေနပ်သွား၏။ သူက ငါး​​ယောက်​မြောက်​ရွေးချယ်ရမည့်သူဆိုတာ သိလိုက်ရ​တော့ ကျန်းရုန်က အခွင့်အ​​ရေးကိုအသုံးချပြီး Barrageကို ကြည့်လိုက်သည်။

"ငါဘယ်ADCကိုင်ရင်​ကောင်းမလဲ?"

[Softက​သေချာ​ပေါက်Roadကိုကြိုက်​နေတာဗျိုး]

||Complete|| I Can Do It [MM Translation]Where stories live. Discover now