အပိုင်း(၈)

4.9K 768 58
                                    

နာသွားလား?

ရှင်းလင်းတင်ဆက်သူ​တွေက နှစ်ဖက်အသင်းရဲ့​ရွေး​နေကြဖြစ်တဲ့ချန်ပီယံ​တွေအ​ကြောင်း ​ဆွေး​နွေးပြီးတဲ့အခါမှာ အ​ကြောင်းအရာကစက်ဝိုင်းလိုပြန်လည်လာပြန်သည်။

"ဒီတစ်ကြိမ်မှာလည်းပြိုင်ပွဲက အုတ်​အော်​သောင်းတင်းဖြစ်လာဦးမှာဆို​ပေမယ့် ကျွန်​တော့်ရင်ထဲမှာနည်းနည်း​တော့​နောင်တရ​နေ​သေးတယ်" ရှင်းလင်းတင်ဆက်သူAက​ပြော၏။ "ပရိတ်သတ်​တွေအားလုံးလည်း ကိုယ့်နိုင်ငံကအိမ်ရှင်နိုင်ငံဖြစ်တဲ့အ​ခေါက်မှာ LPLရဲ့အသင်းနှစ်သင်းက ဖလားဆုအတွက်ယှဥ်ပြိုင်တာကို မြင်ချင်ကြမယ်ဆိုတာ​သေချာပါတယ်"

ရှင်းလင်းတင်ဆက်သူBက​ခေါင်းငြိမ့်​ထောက်ခံ၏။ "ဟုတ်တာ​ပေါ့ Tank teamက​တော့စိတ်မ​ကောင်းစရာပါပဲ။ ဒါ​ပေမယ့် သူတို့လည်းအ​တော်​လေးကြိုးစားပြီး BO5မှာပွဲပြည့်ကစားသွားတာပဲ​လေ။​နောက်နှစ်ဆိုရင်​တော့ သူတို့ကအ​ခြေအ​နေကို​သေချာ​ပေါက်ထိန်းညှိပြီး အသစ်တဖန်စတင်လာဦးမယ်ဆိုတာ ကျွန်​တော်​သေချာပါတယ်"

တင်ဆက်သူ​တွေ ထိုအ​ကြောင်းအရာကို​ပြော​နေသည့်အချိန်မှာ လု​ပေါ်ယွမ်ကသူ့မျက်ဝန်း​တွေကိုနှိမ့်ထားကာ ကျန်းရုန်ကိုကြည့်​နေဆဲဖြစ်ပြီး တင်ဆက်သူ​တွေ​ပြော​နေသည်က သူနှင့်လုံးဝမသက်ဆိုင်သလိုပင်။

ကျန်းရုန်ရဲ့အ​ဖြေကိုကြားပြီးသည်နှင့် လု​ပေါ်ယွမ်က "အင်း"ဟု​ပြောလိုက်ကာ မူလပုံစံအတိုင်းပြန်ထိုင်လိုက်ပြီး maskနဲ့ဦးထုပ်ကိုချွတ်လိုက်သည်။ ကင်မရာ​တွေဆီက​နေဖမ်းမိသွားပြီဖြစ်တာ​ကြောင့် ​နောက်ထပ်ပုန်းကွယ်​နေစရာမလို​တော့​ပေ။

ကျန်းရုန်မှာ သူ့ရဲ့​မေးရိုး​ကို ခဏ​လောက်စိုက်ကြည့်​နေမိသည်။ လု​ပေါ်ယွမ်ကယွမ်ချန်းနဲ့စကား​ပြောဖို့ လှည့်သွားသည့်အချိန်မှသာ သူ့ကိုယ်သူ​နောက်ပြန်ဆုတ်လိုက်ပြီး အလင်းအလျင်နဲ့ထိုင်ခုံ​ပေါ် သေချာပြန်ထိုင်လိုက်ရ၏။

​ဘေးပတ်ဝန်းကျင်က အ​တော်​လေးဆူညံ​နေ​သော်လည်း သူသာဂရုတစိုက်နှင့်နား​ထောင်မည်ဆိုပါက သူ့​ဘေးကလူ​တွေ​ပြောဆို​နေကြသည့်အ​ကြောင်းအရာကို ကြားနိုင်​သေးသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now