အပိုင်း(၃၅)

5.2K 787 129
                                    


[Unicode]

174.1

TTCရဲ့နား​နေခန်းထဲမှ လူတကာကိုလန့်ဖြန့်သွား​စေ​လောက်သည့် ​ရှောင်ပိုင်နှင့်ယွမ်ချန်းရဲ့ရယ်သံကျယ်ကြီး ဟိန်းထွက်လာ၏။

​ရှောင်ပိုင်မှာ ရယ်ရလွန်းလို့ ဆိုဖာ​ပေါ်ကပင်ပြုတ်ကျလုမတတ်။ ထို့​နောက် သူ့ကိုယ်သူဆိုဖာ​ပေါ် ပြန်ပြင်ထိုင်လိုက်ရင်း တံခါး​ပေါက်နားမှာထိုင်​နေသည့် Pineအားလက်ညှိုးထိုးလျက် ​ပြောလာသည်။ "P-baby တံခါးမြန်မြန်​​လော့ခ်ချလိုက်"

Pine : "ဘာလို့လဲ"

​ရှောင်ပိုင် ရယ်ရလွန်းလို့ ကျလာတဲ့မျက်ရည်​တွေကို သုတ်လိုက်ပြီး "အဲ့ဒီ​သောဖူဖူ ငါတို့နား​နေခန်းဆီလာပြီး ​သွေးထွက်သံယိုကိစ္စတွေလာလုပ်မှာစိုးလို့"

တင်း​ကော​တော့TVကိုကြည့်ရင်း နံရံကိုလက်​ထောက်ကာ စဥ်းစားနေမိသည်။ သူဒီနှစ်ပိုင်း​တွေထဲ အ​တော်​လေးသက်​တောင့်သက်သာရှိခဲ့ပုံ​ပေါ်၏။

ဒါ့​ကြောင့် ရလဒ်အ​နေနဲ့ ​ကောင်းကင်ဘုံက သူ့ကိုနှိပ်စက်ဖို့ ဒီလိုလူမျိုးကို သူ့ဆီပို့လိုက်ပုံပင်။

တင်း​ကော သူ့ဘေးမှာရှိ​နေတဲ့ အသင်းရဲ့လက်​ထောက်မန်​နေဂျာကို လှည့်​မေးလိုက်သည်။ "ငါတို့Softနဲ့ချုပ်ခဲ့တဲ့စာချုပ်မှာ ငါတို့ဘက်ကအရင်ဖျက်သိမ်းခဲ့ရင် ​လျော်​ကြေးဘယ်​လောက်​ပေးရမယ်ဆိုတာ မင်းမှတ်မိ​သေးလား"

လက်​ထောက်မန်​နေဂျာက ပြန်​ဖြေလာ၏။ "မမှတ်မိ​တော့ဘူးဗျ၊ ဘာလို့လဲ"

တင်း​ကော : "သူနဲ့စာချုပ်ဖျက်သိမ်းလိုက်ကြတာ​ပေါ့။ ​​နောက်လာမယ့် ငါ့ဘဝသက်တမ်းတစ်ဝက်အတွက် ကိုယ့်ဟာကို​ပျော်ရွှင်မှု​တွေဝယ်တယ်လို့ပဲ သ​ဘောထားပြီး လျော်​ကြေး​ကိုငါပဲပေးလိုက်မယ်"

"......"

အခုချိန်မှာ သူဒီလို​ပြော​နေ​သော်ငြား၊ သူ့အသင်းသားဖန်တီးခဲ့တဲ့ အရှုပ်ထုပ်​တွေကို သူပဲတာဝန်ယူရဦးမည်သာ။

စက္ကန့်အနည်းငယ်အကြာ၌ တင်း​ကောအံကြိတ်လိုက်ပြီး ဆိုလာ၏။ "ခဏ​လောက်​နေရင် LPLမှာ ကစားသမား​တွေကို ဘာ​​တွေပြောခွင့်​​ပေးထားလဲ သွားကြည့်ဦးမယ်။ ကျန်းရုန်​ပြောတဲ့အထဲ မသင့်​တော်တဲ့စကား​တွေပါ​ပေမယ့် အနည်းဆုံး​တော့ ညစ်ညမ်းတဲ့စကား​တွေမပါဘူး​လေ။ ပြီး​တော့ Weiboကိစ္စက.....ဘယ်သွားမလို့လဲ"

||Complete|| I Can Do It [MM Translation]Where stories live. Discover now