အပိုင်း(၃၄)

5.1K 829 211
                                    


[Unicode]

"​မေးပါရ​စေ၊ ဘယ်​တော့​လောက်မင်း​ရဲ့ခေါင်းကိုပို့လာမှာလဲ?"

ဂိမ်းတရားဝင်စသည်နှင့် တစ်ပြိုင်နက် Champငါး​ကောင်က သက်ဆိုင်ရာbaseတွင် အသီးသီး​ပေါ်လာကြ၏။

"နားကြပ်တပ်ထားတာ​တောင် ​အောက်က​အော်သံ​​​တွေ ခုထိကြား​နေရတုန်းပဲ" ယွမ်ချန်းက​ပြောလာသည်။

​ရှောင်ပိုင် : "ချန်း​ကော၊ ​နောက်တစ်​ခေါက်ကျရင် Teemo​ရွေးလိုက်​လေ ပရိတ်သတ်​​တွေ ဒီ​နေ့ထက်​တောင် စိတ်လှုပ်ရှားကြဦးမယ်"

ယွမ်ချန်းက ​ခေါင်းတစ်ခါခါနှင့်ရယ်​နေလျက် "ထားလိုက်ပါ​တော့ ဒီ​လောက်အ​စောကြီး​တော့ အနားမယူချင်​သေးဘူးကွာ"

တကယ်​တော့ ယွမ်ချန်းက ချဲ့ကား​ပြော​နေခြင်းသာ။ ကစားသမား​တွေအ​ပေါ်မှာ ပရိတ်သတ်​တွေနှင့် ရှင်းလင်းတင်ဆက်သူ​တွေရဲ့အသံ​တွေ သက်​ရောက်မှုမရှိ​စေရန် ကစားသမားတိုင်းက ဆူညံမှုကိုဖယ်ရှား​ပေးသည့် အရည်အ​သွေးအ​ကောင်းဆုံးနားကြပ်​တွေကို တပ်ထားရသည်။ ကျန်းရုန်က​တော့ သူ့အသင်းသား​တွေရဲ့အသံနှင့် ဂိမ်းထဲကအသံ​တွေကလွဲ ဘာဆိုဘာမှမကြားရ​ပေ။

items​တွေကိုဝယ်ပြီးသည်နှင့် သူတို့ငါး​ယောက်လုံး baseက​နေအရှိန်အဟုန်အပြည့်နဲ့ ထွက်ခွာသွားကြပြီး lvl 1အဆင့် team fightရန် ကိုယ့်​နေရာနှင့်ကိုယ် တာဝန်ယူလိုက်ကြ၏။

​ရှောင်ပိုင် : "ဒီ​နေ့​ကောင်း​ကောင်းကစားပြီး ငါတို့နိုင်ခဲ့ရင် ဖားသားသွားစားကြတာ​ပေါ့!"

ပြိုင်ပွဲ​တွေအတွင်း အစာအဆိပ်သင့်ခြင်းမှကာကွယ်ရန် ကျွမ်းကျင်ကစားသမား​တွေမှာ ပြိုင်ပွဲမတိုင်မီ ဘာမှစား​ကြလေ့မရှိ​ပေ။

Pineက သူ့​နောက်က​နေ နီးနီးကပ်ကပ်လိုက်​​နေရင်း ​မေးလာသည်။ "ငါတို့ရှုံးခဲ့ရင်​ရော?"

"ပါးစပ်ပုတ်ကြီးနဲ့​လျှောက်​ပြောမ​နေနဲ့" ​ရှောင်ပိုင် သတိ​ပေးသည့်အ​နေနှင့် Pineဆီ skillတစ်ခုပစ်လွှတ်လိုက်၏။ "ငါတို့ကဘယ်လိုလုပ် Squidကိုရှုံးမှာလဲ.....မှန်တယ်မလား ​ကော?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now