အပိုင်း(၆၁)

5K 767 107
                                    


(Unicode)

"ကိုယ်ကလူကိုရိုက်တယ် မင်းကလူကိုဆဲတယ်​။ အဲ့​တော့ ကိုယ်တို့တစ်​ယောက်ကို ယွမ်တစ်​သောင်းဆီ ဒဏ်​ငွေ​ဆောင်ရမယ်တဲ့"

အကယ်၍ ကျန်းရုန်သာ အားထပ်ထည့်ပြီး ရုန်းမည်ဆိုပါက သူလွတ်သွားနိုင်သည်။ သူရုန်းကန်​နေမိပြီးမှ လု​ပေါ်ယွမ်၏လက်ဒဏ်ရာအ​ကြောင်းကို သွားစဥ်းစားမိလိုက်၏။ ချက်ချင်းဆိုသလို သူလုံးဝထပ်မလှုပ်ရဲ​တော့​ချေ။ ထို့​ကြောင့် ရွေးချယ်စရာမရှိ ဒေါသကို​ဖြေ​လျှော့ဖို့အတွက် သူ့ပါးစပ်ကိုသာ မှီခိုလိုက်ရ​​သည်။

ကျန်းရုန် သူ့မျက်လုံးထဲမှာ ထိုလူကိုမမြင်ရ​တော့မှပဲ ဆဲဆို​နေတာကို ရပ်လိုက်​​တော့သည်။

စကား​တွေအများကြီး ​ပြောလိုက်ရသည်​ကြောင့် ကျန်းရုန်မှာ ​မောပင်​မောလာ၏။ ပြီး​တော့မှ သူ​အောက်ကိုငုံ့ကြည့်လိုက်​တော့ သူ့ရဲ့လက်ရှိအ​ခြေအ​နေက နည်းနည်းထူးဆန်း​နေမှန်း သ​ဘော​ပေါက်သွား​သည်။

ကျန်းရုန်က လု​ပေါ်ယွမ်ဆီက​နေ လုံးလုံးလျားလျားကို အသယ်ခံထားရသည်။ လု​ပေါ်ယွမ်ကသူ့ကို တည်တည်ငြိမ်ငြိမ်နှင့်ပင် ထိန်းထားသည်ဖြစ်သော်လည်း မသိစိတ်အရ ခန္ဓါကိုယ်ဟန်ချက်ကို ထိန်းဖို့အတွက် ကျန်းရုန်က တစ်စုံတစ်ခုကို ကိုင်ဆုပ်ထားမိဆဲ။

ကျန်းရုန်၏ဘယ်ဘက်လက်​မောင်းက လု​ပေါ်ယွမ်၏လည်ပင်းကို ချိတ်တွယ်ထားကာ.....ဒီလိုအ​နေအထားမျိုးကို ​ပွေ့ဖက်ထားသည်ဟုပင် သုံးနှုန်းလို့ရ​လောက်၏။ သူက လု​​ပေါ်ယွမ်၏ဦးထုပ်ကိုလည်း နည်းနည်းတိုက်မိထားသည်​ကြောင့် လု​ပေါ်ယွမ်၏ဘယ်ဘက်ခြမ်းတွင် ဆံပင်​တွေက ဖရိုဖရဲ​ပေါ်ထွက်​နေ​လေသည်။

သူဒီအဝတ်​လျှော်ဆပ်ပြာနံ့ကို ရှူရှိုက်ဖူးခဲ့သည်မှာ အကြိမ်​ပေါင်းမနည်း​သော်လည်း လု​ပေါ်ယွမ်၏ကိုယ်​ပေါ် စွဲ​ထင်နေသည့်ဒီရနံ့က သိသိသာသာ​မွှေးလွန်း​ကြောင်း သူခံစားမိနေဆဲပင် ဖြစ်သည်။

ခဏ​လောက် ​ကြောင်အမ်း​နေပြီးမှ ကျန်းရုန် ချက်ချင်းဆိုသလို သူ့လက်ကိုဖယ်လိုက်​​တော့သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now