အပိုင်း(၁၁၀)

2.6K 396 19
                                    

တိုက်ရိုက်ထုတ်လွှင့်မှုက စတင်နေပြီဆိုပေမယ့် ပြိုင်ပွဲသတင်းပေးပို့ချက်ကတော့ တရားဝင် မစတင်ရသေးပေ။ အစပိုင်းမှာ ပြသနေသည့် ဗီဒီယိုတွေက ပရိသတ်တွေကို သွေးဆူစေရန်နှင့် ထုတ်လွှင့်မှုကို စမ်းသပ်ရန် ဖြစ်သည်။

သို့ဖြစ်ရာ အခြေအနေက ဗီဒီယိုများကို ထပ်ခါထပ်ခါ ပြသနေခြင်း။

[ကြော်ငြာတွေတော်ပါတော့ ခုဏက Trash Talk ပြန်ဖွင့်ပေးပါဦး အဖေထပ်ကြားချင်သေးလို့]

[ကျွန်တော့်ရည်းစားက အခုလေးတင် ဒီည အိမ်မှာသူတစ်ယောက်တည်းလို့ စာပို့လာတယ်။ အဲ့တာနဲ့ ကိုယ်Trashကဏ္ဍကြည့်နေတုန်း လာမနှောင့်ယှက်နဲ့ စောစောအိပ်ချင်အိပ် မဟုတ်ရင် လုပ်ချင်တာသာလုပ်နေလို့ ပြန်ပြောပေးလိုက်တယ်။ ညီနောင်တို့~ကျွန်တော်လုပ်တာ မှားသလားပြော?]

[အရင်ထက်စာရင် ကြော်ငြာကြည့်တဲ့နှုန်းက အရမ်းမြင့်နေတာ…..ဒီနေ့အတွက် ကြော်ငြာပိုင်ရှင်တွေ Softကို ပိုက်ဆံပေးဖို့ အကြံပြုပါတယ်]

[လာနေပြီ လာနေပြီ! လေးကြိမ်မြောက် Replyလာပြီ ညီကိုတို့ရေ~!]

“အခုထိပြနေတုန်းပဲ!” နားနေခန်းထဲ၌ လက်ထောက်နည်းပြမှာ အလွန်အမင်း စိုးရိမ်နေ၏။ “ဒီဒါရိုက်တာက PUDပရိသတ်နေမယ် ဟုတ်တယ်မလား? ထပ်ခါထပ်ခါပြချင်နေတာက LPLဆီ ကူလောင်စာထည့်ပေးနေတာလေ။ ပြိုင်နေတုန်းမှာ ပြိုင်ပွဲဝင်ခွင့်ပိတ်တဲ့ ကြောငြာချက် ထွက်လာရင် ဘယ်လိုလုပ်ကြမလဲ…..”

ဒီကဏ္ဍအတွက် ကစားသမားတွေက တစ်ယောက်တည်း ရိုက်ကူးလိုက်ရခြင်း ဖြစ်သည်။ ထိုအချိန်၌ အားလုံးကလည်း ကစားသမားတွေကို ပြင်ဆင်ပေးရင်း ပြိုင်ပွဲအတွက် စီစဥ်ရင်းဖြင့် အလုပ်များနေကြသည်။ ထို့အပြင် အချိန်ကလည်း ကျပ်နေပြန်တော့ ရိုက်ကူးပြီးသည်နှင့် ချက်ချင်း တည်းဖြတ်လိုက်ကြခြင်း။ တာဝန်ရှိသည့် ဝန်ထမ်းတွေနှင့် တစ်ဖက်မှ ပြိုင်ဘက်ကစားသမားမှလွဲ Trash Talkကဏ္ဍအတွင်း ပြောသည်များကို ဘယ်သူမှမသိကြပါချေ။

Barrageထဲတွင် အမေးသင်္ကေတတွေ ဝိုင်းမန့်နေကြသည့် ပရိသတ်တွေနှင့်ထပ်တူ သူတို့တွေအားလုံးလည်း ကျန်းရုန်၏စကားတွေကို ပထမဆုံး ကြားလိုက်ရခြင်းဖြစ်၏။

||Complete|| I Can Do It [MM Translation]Where stories live. Discover now