အပိုင်း(၁၄)

4.7K 745 42
                                    


[Unicode]

ပုန်ကန်ချင်တဲ့အရွယ်

ကျန်းရုန် ထိုအီး​မေးလ်ကို ဘာဘီကျူးဆိုင်က​နေပို့လိုက်ခြင်းဖြစ်၏။

အရင်တုန်းက​တော့ ဒီဆိုင်က​နေမကြာခဏ​အော်ဒါမှာစားဖြစ်​သော်လည်း ယခုချိန်တွင် သူ့မှာလုပ်စရာဟူ၍မရှိသည်​ကြောင့် လူကိုယ်တိုင်သာလာစားဖြစ်​တော့သည်။

ကျန်းရုန် နှစ်ရက်ဆက်တိုက်လာသည်ကို ဆိုင်ပိုင်ရှင်သတိထားမိသွားသည်နှင့် ဘီယာတစ်ပုလင်းကိုပင် ​ပျော်​ပျော်ရွှင်ရွှင်လာ​ပေးသွား​လေသည်။

ကျန်းရုန်က အရက်သမားမဟုတ်​သော်ငြား အကင်​စားရင်း ဘီယား​အေး​အေး​လေး​သောက်ရသည်ကို သ​ဘောကျ၏။ထို့​ကြောင့် သူငြင်းမ​နေ​တော့ပဲ ​ကျေးဇူးတင်လိုက်ကာ ​ခေါင်းငုံ့၍ဖုန်းပြန်သုံး​နေ​လိုက်၏။

သူပုလင်းတစ်ဝက်​လောက်​ သောက်ပြီးသွားသည်နှင့် ရှစ်လျို့၏ "မင်းသွားချင်တဲ့အသင်းမရှိဘူးလား" ဆိုသည့်စကားက သူ့​ခေါင်းထဲတွင်စပြီးတစ်ဝဲဝဲလည်လာ​တော့သည်။

အခြားထိပ်သီးကစားသမား​တွေလိုပဲ ​သေချာ​ပေါက် ကျန်းရုန်လည်း ကျွမ်းကျင်ကစားသမားဖြစ်ဖို့ ​တွေးခဲ့မိတာ​ပေါ့။တစ်ခါတုန်းကဆို Esports clubတစ်ခုကို ဝင်နိုင်ဖို့ပါကြိုးစားခဲ့ဖူး၏။

ထိုအချိန်၌ ထိုEsports clubရှိအသင်းတစ်သင်းက ချန်ပီယံဆုကိုအနိုင်ရရုံသာရှိ​သေးသည်။ထိုအသင်း၏အနာဂတ်က ​ရွှေလို​တောက်ပ​နေကာ ပိုက်ဆံသိပ်မရ​သော်လည်း အသင်းထဲကိုဝင်ချင်​နေသည့် လူသစ်က​စားသမား​တွေက ​တောင်လိုပုံ​နေ၏။သို့​သော်လည်း ကျန်းရုန်က​တော့ ထိုရာနှင့်ချီသည့်လူ​တွေကိုဖြတ်​ကျော်ကာ ​အောင်​အောင်မြင်မြင်ပဲ​ ​အ​ရွေးခံလိုက်ရသည်။

မကြာမီ သင်တန်းစသည့်​နောက်တစ်​နေ့မှာပဲ ကျန်းရုန်နှုတ်ထွက်စာတင်လိုက်ရကာ တစ်ဖက်လူကို ဖုန်းက​နေတစ်ဆင့် အကြိမ်ကြိမ်​တောင်းပန်ခဲ့ရ​​လေသည်။

ကျန်းရုန် သူ့ရဲ့အ​တွေး​ယာဥ်ကြောင်းကိုဖြတ်ချလိုက်ကာ စိတ်မပါစွာနှင့် ​ဝေး​ပေါ်ကိုဆက်ကြည့်​နေမိ၏။

||Complete|| I Can Do It [MM Translation]Where stories live. Discover now