Description

29.4K 1K 45
                                    

(Unicode)

Original Title : 我行让我上
Author : Jiang Zibei
Status : 134 chap+9extra

ဇာတ်လမ်းအကျဥ်းချုပ်

LoLပြိုင်ပွဲတစ်ခုအတွက် လူ​တွေကို​ဝေဖန်ရင်း နာမည်ရလာသည့် Streamerတစ်​ယောက်က လတ်တ​လောတွင် ပြိုင်ပွဲပါအ​ကြောင်းရာ​တွေကို ရှင်းပြ​နေပြီး တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်​နေသည်။

Streamer : ဒီSupportက​....​အသုံးမကျလိုက်တာ။

Streamer : တကယ်လို့ အဲ့ဒီJunglerသာ ငါ့အသင်းသားဆို ငါဝင်ချဖို့တောင်မလို​တော့ဘူး။ အခုချက်ချင်း စန္ဒယား​တောင်ထတီး​ပေးလိုက်ချင်တယ်။

Streamer : ဒီတစ်​​​​ယောက်က အရင်ဆုံးlast hitဘယ်လိုချရမလဲ သွားပြန်လေ့ကျင့်တာ ပို​ကောင်းမယ်​နော်။

ပရိတ်သတ် : ​​သောက်ရေးမပါတာ! မင်းအဲ့​လောက်​တော်​နေရင် မင်းသွားလုပ်လေ။

Streamer : မင်းအ​ဖေငါကတကယ်လုပ်နိုင်တာ​နော်။

ပရိတ်သတ် : အို​ခေပါ မင်းသာလုပ်နိုင်တယ်ဆို မင်းကန်လို့ရ​အောင် ငါ့​ခေါင်းပါဖြုတ်​ပေးလိုက်မယ်။

လအနည်းငယ်အကြာ၌ LPL၏ ဝါရင့်အသင်းဖြစ်သည့် TTCက Softအား သူတို့၏Mid Lanerအသစ်ဖြစ်​ကြောင်း ​ကြေညာလိုက်​လေသည်။ အပြာ​​ရောင်ဆံပင်နှင့်ကောင်​လေးက ပရိတ်သတ်​တွေ၏ရှေ့တွင်​ပေါ်ထွက်လာပြီး Zedကို အပြစ်ဆိုစရာတစ်ကွက်မရှိ ပြီးပြည့်စုံစွာ ကစားပြသွားသည်။ မိန်းက​လေးပရိတ်သတ်​တွေမှာ သူတို့Idolကိုပင် ​ဖောက်ပြန်ချင်စိတ်​တွေ​ပေါ်လာ​တော့သည်။

ပြိုင်ပွဲအပြီး၌ကျင်းပသည့် MVPအင်တာဗျူးမှာ​တော့ ပရိတ်သတ်အုပ်စုကြီးမှာ လူသစ်​လေးအား စိတ်လှုပ်ရှားစွာဖြင့် ​စောင့်​မျှော်​နေကြ​ပေသည်။

ထို့​နောက်မှာ​တော့ ထို​ကောင်​လေးက မိုက်ခ်ကိုလက်ခံလိုက်ရင်း အပြုံးတစ်ခုနှင့်အတူ​ မေးလာ​သည်အား သူတို့မြင်လိုက်ရ​သည်။

"StarTVရဲ့အသုံးပြုသူIDက "Suburb King 101"ဆိုတဲ့တစ်​ယောက်​ရေ ကျွန်​တော့်အသင်းရဲ့လိပ်စာက တရားဝင်websiteမှာရှိပါတယ်ဗျ။ ဘယ်အချိန်​လောက်များ မင်းရဲ့​ခေါင်းကိုပို့လာမှာလဲ?"

||Complete|| I Can Do It [MM Translation]Where stories live. Discover now