အပိုင်း(၅၅)

4.9K 737 96
                                    


(Unicode)

"ထလိုက် အရင်ဆုံးစင်​ပေါ်ကဆင်းရ​အောင်"

XIUမှာ နှစ်စက္ကန့်​လောက် ဘာ​ပြောရမှန်းမသိဖြစ်သွား​ပေမယ့် ပြီးသည်နှင့် ​အော်ရယ်​တော့သည်။ "အရမ်းစိတ်မလှုပ်ရှားပါနဲ့.....သူဒီလိုဖြစ်​နေတာ ဟိုးအရင်တုန်းက သူနဲ့မင်းနဲ့ Rankပွဲ​တွေမှာဆုံခဲ့ဖူးလို့​လေ။ မင်းStreamတဲ့​နေ့ကဆိုရင် သူ့မှာဖုန်းကိုင်ပြီး တစ်​နေကုန်ထိုင်ကြည့်​နေတာ။ တကယ်ကိုမင်းတအားချစ်ဖို့​ကောင်းတယ်လို့ သူ​တွေး​နေတာ ရွဲ့တာမဟုတ်ဘူး"

​ရှောင်ပိုင်​တွေးလိုက်၏။ ချစ်ဖို့​ကောင်းတယ်ဆိုတဲ့စကား​ပြော​နေတာ ခုရပ်လိုက်​တော့၊ မဟုတ်လို့ ဒီ​ကောင်သာပါးစပ်ဟလာရင် ဘယ်သူမှဝင်တားနိုင်မှာမဟုတ်ဘူး​နော်!

​ထင်ထားသည့်အတိုင်း ကျန်းရုန်၏မျက်နှာမှာ မှုန်ကုပ်​နေ​တော့သည်။

သူတို့​ရှေ့ကသွား​နေသည့်ဝန်ထမ်းမှာလည်း သူတို့ရပ်သွားတာမြင်သည်နှင့် အလျင်စလို​မေးလာသည်။ "နတ်ဘုရားလု ဘာဖြစ်လို့လဲ? စင်​​ပေါ်သွားလို့ရပြီလား? Fighting Tigerလည်းစင်​ပေါ်​ရောက်​တော့မယ်"

လု​ပေါ်ယွမ်က ဘာမှပြန်​မ​ပြောပဲ ဒီတိုင်း​ခေါင်းသာငြိမ့်ပြလိုက်သည်။

ကျန်းရုန် လု​ပေါ်ယွမ်၏​ခေါင်း​နောက်ပိုင်းကိုကြည့်လိုက်မိပြီး သူ့ပါးစပ်ကထွက်​တော့မည့်အဆဲစကားလုံးတို့ကို ပြန်မြိုချလိုက်ရသည်။ ကျန်းရုန်တစ်ကိုယ်တည်း​တွေးလိုက်မိ၏ : ဒီက​နေ သူတို့မြန်မြန်ထွက်သွားသည်နှင့် သူတို့မြန်မြန်ကစားနိုင်ပြီး Baseကိုမြန်မြန်ပြန်ရမည်ဟူ၍။

သို့​သော်လည်း ကံမ​ကောင်းစွာနှင့် သူ​ခြေတစ်လှမ်း​လောက်လှမ်းလိုက်ရုံရှိ​သေး သူ့နာမည်ကအ​ခေါ်ခံလိုက်ရပြန်သည်။

​မကြာ​သေးမီကပင် Saviorက တရုတ်ဘာသာစကားကို စတင်​လေ့လာ​နေသည်ဆို​သော်ငြား LPLကိုသူစjoinတာကလည်း သိပ်မကြာ​သေးသည်မှာ အမှန်တရားပင်ဖြစ်သည်။ ထို့​ကြောင့် သူက ဂိမ်းကစားရာတွင် အသုံးပြုရသည့်စကား​တွေ​လောက်ကိုသာ သိ​သေးသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now