အပိုင်း(၃၂)

5K 781 89
                                    


[Unicode]

"​စောက်ပိန်း"

ထိုအခိုက်မှာ​တော့ တင်း​ကောတစ်​ယောက် ကျန်းရုန်ကပဲ ​ရှေ့ဖြစ်​ဟောနိုင်တာလား LPLကပဲ ရည်ရွယ်ချက်ရှိရှိ ပြဿနာမီးထွန်းရှာတာလားဆိုတာ မသိ​တော့​ပါချေ။

Barrageတစ်ခုလုံးကလည်း အုတ်​​အော်​သောင်းတင်းဖြစ်ကာ ကွန်မန့်​တွေလည်း အရမ်းများလာတာ​ကြောင့် ​နောက်ကျမှ​ရောက်လာတဲ့ water friends​တွေမှာ ပြိုင်ပွဲအချိန်ဇယားကို ​သေချာမြင်နိုင်ဖို့အတွက် Barrageကိုပါ ပိတ်လိုက်ရ​တော့သည်။

[သူတို့နဲ့Squidနဲ့? ​စောက်ရမ်းစိတ်လှုပ်ရှားဖို့​ကောင်းတယ်!!!]

[အရင်က​တော့ ​နွေဦးရာသီပွဲ​တွေကို သိပ်စိတ်မဝင်စား​ပေမယ့် အခု​တော့ လက်မှတ်​ပြေးဝယ်လိုက်ဦးမယ် သား​လေး ဒီ​ဖေ​ဖေ မင်းကိုဘယ်လိုSupportမယ်ဆိုတာ ​စောင့်ကြည့်​နေလိုက်​တော့]

[အာားးး ​လောင်ကုန်း​ရေ အဲ့ဒီ​စောက်ရူးတို့ဖူးကို ရိုက်ချပစ်လိုက်​တော့!!!]

[သူတို့နှစ်ဖွဲ့ကပြိုင်ရမှာ? ဇာတ်လမ်းထဲကအကွက်​တွေ​​နော် LPLက​တော့အ​မေးဇင်းပါပဲ]

[ဟဲဟဲ အခု​တော့ရယ်ထားလိုက်ပါဦး ​​စောက်ရူးTTC fan​တွေ YYသာနိုင်သွားလို့က​တော့ Tiebaမှာဒီကိစ္စကို ဆယ်နှစ်​လောက်ဟားတိုက်လိုက်ဦးမယ်]

[YYကနိုင်မယ်? အိမ်မက်သာမက်​နေပါ​တော့]

"​တော်ပြီ" တင်း​ကောက နာရီကိုလှမ်းကြည့်လိုက်ပြီး ကွန်ပျူတာ​နောက်က​နေ သူတို့ကို Livestreamရပ်လို့ရပြီဖြစ်​ကြောင်း အချက်ပြလာသည်။

Streamကိုပိတ်လိုက်ပြီးတာနှင့် သူတို့အားလုံး ​လေ့ကျင့်​ရေးခန်းဆီ ​လျှောက်သွားကြသည်။ ထိုအချိန်၌ ​ရှောင်ပိုင် ကျန်းရုန်ရဲ့ပုခုံးကိုလှမ်းပုတ်လိုက်​တော့ မထင်မှတ်ထားစွာနဲ့ ကျန်းရုန်ရဲ့စိတ်အ​ခြေအ​နေက တင်းမာ​နေတာကို မြင်လိုက်ရ၏။

သူ​ကြောင်အမ်းသွားပြီး ဘာမှမ​ပြောရ​သေးခင်မှာပဲ ကျန်းရုန်ကလှည့်ပြီး ​မေးလာသည်။ "ဘာဖြစ်လို့လဲ?"

​ရှောင်ပိုင်အသံတိုးလိုက်ပြီး "ငါ့ကိုနံပါတ်​တွေ​ပြောကြည့်"

||Complete|| I Can Do It [MM Translation]Where stories live. Discover now