အပိုင်း(၉၉)

4.1K 600 25
                                    

(Unicode)

ရှင်းလင်းတင်ဆက်သူ၏ စကားနောက်ဝယ် အားကစားရုံကြီးမှာ နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားလေသည်။

ခဏကြာမှ Fighting Tigerနှင့်MFG၏တံဆိပ်ကို ကိုင်ထားကြသည့် ပရိသတ်တွေက လက်မြှောက်ကာ အော်ကုန်ကြ၏။

"အမှန်ပဲဟေ့! သူရသွားပြီ! ငါပန်းချီတွေတောင်မြင်ခဲ့သေးတယ်!"

"နမ်းပါ နမ်းပါ!"

အားလုံးထဲမှာမှ အသံအောင်လှသည့် မိန်းကလေးတစ်ယောက်၏အသံကလည်း ထိုးထွက်လာ၏။

"Soft ငါ့ကိုလည်းနင့်ကံနည်းနည်းလောက်မျှပေးပါ ငါ့Idolနဲ့ညားချင်လို့!"

"....."

ကျန်းရုန် ခေါင်းမော့ကာ အေးစက်စက် လှမ်းကြည့်ပေးလိုက်သည်။

ရှင်းလင်းတင်ဆက်သူAမှာ အလယ်တွင်ထိုင်နေသူဆီ လှမ်းပြောလိုက်ရ၏။

"ဒီလိုပြောစရာလား?! Bလေး သူ့ပါးစပ်ကိုကာထား!"

ရှင်းလင်းတင်ဆက်သူC : "အာ...မဟုတ်ဘူးလေ။ စတာပါ စတာပါ။ နှစ်ယောက်လုံးကယောကျာ်းတွေကို ဘယ်လိုလုပ်...."

"တော်ပြီ တော်ပြီ။ TTCမန်နေဂျာကို အားနာကြဦး"

ရှင်းလင်းတင်ဆက်သူBက ချောင်းအသာဟမ့်လျက် စကားလမ်းကြောင်းကို လွှဲသွားသည်။

"အဟမ်း ကျွန်တော်တို့ပြိုင်ပွဲကလည်း စတော့မှာပါခင်မျာ။ သြော် ဟုတ်သား ၊ ဒီနှစ်အတွက် နွေဦးရာသီခွဲပြိုင်ပွဲကို ဘယ်နေရာမှာ ကျင်းပမှာပါလိမ့်?"

ရှင်းလင်းတင်ဆက်သူAကလည်း အလိုက်တသိ ဝင်ဆင်နွှဲသည်။

"တောင်တန်းမြို့လို့ လူသိများတဲ့ ချုံချင့်မှာပါ!"

တင်းကောမှာ တကယ့်ကို လူရိုက်ချင်နေပါသော်လည်း Cလေးကိုပဲသွားရိုက်ရမလား လုပ်ငန်းခွင်တွင်းရည်းစားထားတဲ့ သူ့အသင်းက Mid Lanarနဲ့Junglerကိုပဲ ထတီးရမလား ဝေခွဲမရဖြစ်နေ၏။ ရိုက်ကူးရေးဒါရိုက်တာတွေ ပြဿနာရှာပြီး သူ့ဆီ ကင်မရာရိုက်ပြလာမှာလည်း ကြောက်ရသေးတာကြောင့် တင်းကောမှာ အပြုံးတုလေးကိုလည်း တတ်နိုင်သမျှ အချိုသာဆုံးဖြစ်​အောင် ဆင်မြန်းထားရသေးသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now