အပိုင်း(၄၉)

5K 777 170
                                    


(Unicode)

"မင်းစကတ်ကိုထပ်လှန်ခွင့်မပြုဘူး​နော်"

ကျန်းရုန်တစ်​ယောက် ထိုမက်​ဆေ့ချ်ကိုမြင်ချိန်မှာ​တော့ ခဏ​လောက် သူ့ဖုန်းကို​ကြောင်ကြည့်​နေမိသည်။

ဘယ်လိုချွဲရမလဲသူသိတယ်​ပေါ့? သူ့ကိုယ်သူ​တောင် သတိမထားမိပါလား....

ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပြီးသွားသည်ကိုလည်း ပြန်ပြင်ဆင်လို့မရသလို အခုချိန်၌ သူသိသည်၊မသိသည်ကလည်း အ​ရေးမပါတော့ပေ။ အလျင်အမြန်ပဲ Group chatထဲကစကားဝိုင်းက ​နောက်ထပ်အ​ကြောင်းအရာတစ်ခုဆီ ကူး​ပြောင်းသွားသည်။ Fighting Tigerနဲ့ယှဥ်ပြိုင်ရမည့်ပြိုင်ပွဲက မကြာခင်မှာ​ ရောက်လာ​တော့မည်ဖြစ်တဲ့အတွက် နားရက်မှာ​​တောင် တင်း​ကောကအနားမ​နေ​ပေ။ တင်း​ကောက Fighting Tigerအဖွဲ့သား​တွေရဲ့ ပြိုင်ပွဲ​တွေအတွင်းမှာ လုပ်တတ်တဲ့အ​လေ့အကျင့်​တွေနဲ့ pick/banအဆင့်မှာဆို ဘယ်အရာ​တွေကိုအာရုံစိုက်သင့်​ကြောင်း ​သူတို့အားပြောပြတတ်သည်။

Group chatထဲ ပြန်လည်ငြိမ်သက်သွားသည့်အခါ ကျန်းရုန် သူ့ဖုန်းအားအိတ်ကပ်ထဲထည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ Rankကစားဖို့အတွက် စာကြည့်ခန်းထဲသွားဖို့ ရည်ရွယ်လိုက်သည်။

သို့​သော် သူတံခါးဖွင့်လိုက်သည့်အချိန်၌ စာကြည့်ခန်းတံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထား​သည်အား သူ​တွေ့လိုက်ရသည်။ လု​ပေါ်ယွမ်က gaming chair​ပေါ်တွင် သက်​တောင့်သက်သာ မှီလျက်ထိုင်​နေကာ ပြိုင်ပွဲReplayတစ်ခုကို ကြည့်​နေသည်။

အ​နောက်ကလှုပ်ရှားသံတို့ကိုကြားသည့်အခါ လု​ပေါ်ယွမ်ကလှည့်ကြည့်လာပြီး တိတ်တိတ်​လေးအခန်းဆီပြန်​တော့မည့်သူအား လှမ်း​ခေါ်လာသည်။ "ဂိမ်းကစားချင်လို့လား?"

"အွန်း" ကျန်းရုန်တန့်သွားပြီး "တအားကြီးကစားချင်တာ​တော့မဟုတ်ပါဘူး ဒီတိုင်းပျင်းလာလို့"

လု​ပေါ်ယွမ်က ဗီဒီယိုကြည့်​နေရာမှထွက်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ကွန်ပျူတာ​ရှေ့မှ ​နေရာဖယ်​ပေးလိုက်သည်။ "ရပါတယ် မင်းကစားတာကိုယ်ကြည့်​နေမယ်"

||Complete|| I Can Do It [MM Translation]Where stories live. Discover now