အပိုင်း(၅၇)

4.5K 770 86
                                    


(Unicode)

မဖြစ်နိုင်လိုက်တာ၊ ဒီ​​လောကကြီးထဲ နတ်ဘုရားလုရဲ့ချန်ပီယံskinမရှိ​တဲ့လူ ရှိ​သေးတယ်​ပေါ့??

သူတို့ထိုင်ခုံ​တွေဆီသို့ ဆက်သွယ်ထား​ပေးသည့် ​လှေကားထစ်​တွေ​ကိုဖြတ်၍ လု​ပေါ်ယွမ်ဆင်းသွားပြီး သူ့ထံသို့ ​မေးခွန်းထုတ်သည့်သ​ဘောဖြင့် ပြန်လှည့်ကြည့်လာသည့်အခါမှ ကျန်းရုန်မှာ သတိပြန်ဝင်​တော့သည်။

လု​ပေါ်ယွမ်က သူ့ရဲ့ညာဘက်လက်အား လုံးဝသတိမမူမိ​လောက်သည့်အ​နေအထားဖြင့် ​ကွေးချည်၊ဆန့်ချည် ပြုလုပ်​နေသည်အား သူမြင်လိုက်ရသည်။ သူလည်းပဲ သူ့လက်​တွေပင်ပန်းလာလျှင် ထိုသို့လုပ်​လေ့ရှိသည်။

ကျန်းရုန် သူ့နားကြပ်ကို စားပွဲ​ပေါ်ချလိုက်ပြီး​နောက် မတ်တပ်ထရပ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ရန် လု​ပေါ်ယွမ်​နောက်မှလိုက်လာခဲ့လိုက်သည်။

လက်ဆွဲနှုတ်ဆက်ခြင်းဆိုသည်က ပြိုင်ပွဲအတွင်း အလွန်တို​တောင်းလှသည့်အပိုင်းပင် ဖြစ်သည်။ ရှုံးသွားသည့်သူ​တွေမှာ စကားပင်မ​ပြောချင်သည့်အချိန်တွင် ထိုအပိုင်းအခြားအား အနိုင်ရသူ​တွေက ကြွားလုံးထုတ်ရန် အသုံးပြုတတ်ကြသည်။

Fighting Tiger၏ကစားသမား​တွေက​တော့ သာမန်လူ​တွေနှင့် သိသိသာသာကို ကွဲပြား​လေသည်။

အစပိုင်းအသင်းသား​တွေက သိပ်မဆိုး​ပေ။ အများဆုံးမှ သူတို့က 'နတ်ဘုရားလုကအံ့သြစရာ​ကောင်းလိုက်တာ' ဟု ​ပြောကြ​သော်လည်း တာ့နျိုအလှည့်​ရောက်သည့်အခါမှာ​တော့....

အားနျိုကပြုံးပြလာသည်။ "မင်းရဲ့Ignite Gravesကမိုက်ချက်ပဲ"

လု​ပေါ်ယွမ် : "ဒီလိုပါပဲ"

"​နောက်ဆုံး​မှ ငါတို့နည်းပြတစ်​ယောက် ငါတို့Junglerရဲ့ Gravesကိုpickတတ်တဲ့အကျင့်ဆိုးကြီးကို စီမံလို့ရသွားတာ။ ဒီပွဲပြီးတာနဲ့ သူအဲ့တာကိုအရံအ​နေနဲ့​ ​ရွေးပြန်ဦးမယ်" အားနျိုကသက်ပြင်းချလိုက်ပြီး "​နောက်တစ်​ခေါက် ငါတို့ထပ်​ဆုံရင်​တော့၊ early gameမှာကတည်းက ​သေချာ​ပေါက် မင်းကို​ချေမွပစ်မယ်"

လု​ပေါ်ယွမ်၏​လေသံက ခံစားချက်မဲ့​နေသည်။ "ခင်များတို့မလုပ်နိုင်ပါဘူး"

||Complete|| I Can Do It [MM Translation]Where stories live. Discover now