အပိုင်း(၁၂၇)

2.3K 415 38
                                    

အပိုင်း(၁၂၇)

<<ကိုကို မင်းကိုCarry​ပေး​နေတာကို ​​သေချာကြည့်ထား>>

​အုပ်စုအဆင့်ပွဲစဥ်၏ ​နောက်ဆုံးပြိုင်ပွဲ​ရက်သို့​ရောက်မှ တရားဝင်​ကြေငြာစာကို ထုတ်ပြန်လာသည်။

သူတို့ဘက်က အကျိုးအ​​ကြောင်းအဖြစ် Backstageတွင် တင်း​ကောဆီ ​ပြောခဲ့သည့် အ​ကြောင်းရာကို သုံးထားဆဲ။ Rish၏​မြေပုံက အမြင်ဖုံး​နေပြီး ထိုအချက်က ပြိုင်ပွဲတွင် ​နောက်စက္ကန့်ပိုင်းအတွင်း ဖြစ်လာမည့်အရာအ​ပေါ် သက်​ရောက်မှုရှိတယ်ဟု တာဝန်ခံက ယုံကြည်ထားသလို အသင်းနှစ်သင်းဆီမှ သ​ဘောတူညီချက်ကို ရပြီး​နောက် ဂိမ်းအား အချိန် 21မိနစ် 18စက္ကန့်ဆီ ပြန်ထားရန် အဖွဲ့အစည်းဘက်က Chronobreakကို သုံးလိုက်ရခြင်းပါတဲ့​လေ။

ထိုထုတ်ပြန်ချက်မှတစ်ပါး အခြားရှင်းပြလာခြင်းမျိုးမရှိ။

ဒီ​ကြေငြာချက်က သိသိသာသာကို အ​ပေါ်ယံ ဖြစ်သလို ​ဖြေရှင်းလာခြင်းဖြစ်ရာ ​လူထုကြီး၏ဒေါသ​တွေကို မ​ဖြေ​လျော့နိုင်ရုံသာမက အ​ခြေအ​နေကိုပင် ပိုမိုဆိုးရွားသွား​စေသည်။ အစက​တော့ Rishက ​ခေါင်းမာမာနှင့်ပင် သူတင်ထားသည့်gifကို မဖျက်ခဲ့​ပေမယ့် ဒီကိစ္စ​ကြောင့် သူ့အ​ပေါ်ကို ​ဒေါ​သ​တွေအစုလိုက်အပြုံလိုက် ပုံကျလာရာ Rishက သူ့အ​ကောင့်တုကိုပင် ဖျက်ပစ်လိုက်ရသည်။

သို့​သော် အသုံးမဝင်​တော့​ပေ။

ပြီးခဲ့သည့်နှစ်မှ ကြိုတင်ခန့်မှန်းမရသည့် အ​ခြေအ​နေ​တွေအရ TTC၏ပင်မအသင်းသားနှစ်​ယောက်က ပြိုင်ပွဲမှ ဖယ်​ပေးခဲ့ရသည်။ တစ်ဖက်ကနိမ့်ကျ​နေချိန် မင်းတို့ဘက်က အနိုင်ကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး​တော့ ပြီးခဲ့တဲ့နှစ်ဝက်ထဲ မင်းတို့ရဲ့ အင်တာဗျူး​တွေ ၊ မှတ်တမ်းဗီဒီယို​တွေ ၊ ဆိုရှယ်မီဒီယာ​တွေမှာ ​ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး LPLအ​ကြောင်းကို မထိတထိ ​ပြောဆို​နေကျ။ အခု​လို ပြိုင်ပွဲ​လေးတစ်ပွဲ နိုင်ဖို့အ​ရေး မင်းတို့အသင်းက ဒီလိုညစ်ပတ်တဲ့လှည့်ကွက်မျိုးကို သုံးလိုက်မှ​တော့ အရင်​ကြွေး​ရော အခု​ကြွေး​ရော ​ပေါင်းရှင်းကြတာ​ပေါ့။

||Complete|| I Can Do It [MM Translation]Where stories live. Discover now