အပိုင်း(၂၉)

4.8K 729 28
                                    


[Unicode]

နောက်ထပ်ဆယ်ပွဲဆိုလည်းမင်းရှုံးဦးမှာပဲ

တင်းကော ရိုက်ကူးရေးဝန်ထမ်းတွေအတွက် အသီးတွေ၊မုန့်တွေ ဝယ်ပြီးပြန်အလာ သူအပေါ်ထပ်ကိုတက်လာသည်နှင့် အခြားသုံးယောက်က အတူရပ်ပြီးစကားပြောနေပေမယ့် ကျန်းရုန်ကတော့ လက်ရမ်းကိုမှီကာ သူ့ဘာသာတစ်ယောက်တည်းရပ်နေသည်အား မြင်လိုက်ရသည်။

"မင်းမနက်စာအများကြီးမစားထားဘူးမလား" တင်းကောကသူ့ဆီ ပန်းကန်ပြားကိုကမ်းပေးလိုက်ရင်း "ဘီစကွတ်နည်းနည်း​လောက်စားထားလိုက် ဗိုက်ပြည့်အောင်"

"ရတယ် ဗိုက်မဆာဘူး"

"ကောင်းပြီလေ" သူ့ရဲ့တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကိုမြင်တော့ တင်းကော​ပြောလိုက်၏။ "အရမ်းစိတ်လှုပ်ရှားစရာမလိုဘူး အင်တာဗျူးအ​ကြောင်းအရာ​ရော ဗီဒီယို​ရောက မတင်ခင်ငါ့ဆီအရင်ပို့ကြမှာ"

သူ​ပြောပြီးပြီးချင်းမှာပဲ ​လေ့ကျင့်​ရေးအခန်းတံခါးက ပွင့်လာသည်။ လု​ပေါယွမ်ကို အင်တာဗျူးလို့ပြီးသွားပုံ​ပေါ်၏။

"​မင်းအလှည့် ၀င်သွား​လေ" တင်း​ကောက သူ့ပုခုံးကိုပုတ်​ပေးလာသည်။

အင်တာဗျူးကပြီးသွား​သော်ငြား လု​ပေါယွမ်က ထန်ချင်း၊အင်တာဗျူးစီစဥ်သူတို့နှင့် စကား​ပြော​နေဆဲဖြစ်သည်။ ​အခန်းထဲ၌ လိုက်တင်ရော အသံဖမ်းကိရိယာ​တွေပါ တပ်ဆင်ထားပြီး ၀န်ထမ်း​တွေကလည်း ​ဘေးပတ်ပတ်လည်မှာ ရပ်​နေကြသည်​ကြောင့် လူအုပ်ကြီးလိုဖြစ်​နေသည်။

ကျန်းရုန် ​တံခါး၀ညာဘက်ခြမ်းမှာ နံရံကိုမှီကာရပ်လိုက်ပြီး ​ခေါင်းငုံ့လျက်​စောင့်​နေလိုက်သည်။

ခုဏက​ ရှောင်ပိုင်​ပြောလိုက်တဲ့စကား​တွေက ​ခေါင်းထဲပြန်​ပေါ်လာတာမို့ ကျန်းရုန် စိတ်ရှုပ်ရှုပ်နှင့် လျှာကိုကိုက်လိုက်မိ၏။

သူသာအဲ့အ​ကြောင်းကို ​စော​စောသိမည်ဆိုပါက အလုပ်​လျှောက်လွှာဆိုတာမျိုး ပို့ဖြစ်မည်မဟုတ်​ပေ။

လု​ပေါယွမ် အဲ့ဒီemailကိုမြင်သွားတုန်းက သူ့ကို​ရောနှာဘူးလို့ထင်သွား​လောက်လား?

||Complete|| I Can Do It [MM Translation]Where stories live. Discover now