အပိုင်း(၂၁)

4.7K 737 66
                                    


[Unicode]

S11မှာအဆင့်16နဲ့အဆုံးသတ်မယ့် TTCအတွက်ကြိုပြီးဂုဏ်ပြုပါတယ်


လေ့ကျင့်​ရေးပွဲက သုံးပွဲစီစဥ်ထားသည်ဆို​ပေမယ့် TTCက နှစ်ပွဲဆက်တိုက်နိုင်သွားသည့်အတွက် ​နောက်ဆုံးတစ်ပွဲကို​ဆော့ရန်မလို​တော့​ပေ။

ဂိမ်းပြီးသွားသည်အထိ MFGရဲ့ Junglerက ရှစ်ကြိမ်တိုင်တိုင်​killခံခဲ့ရ၏။သူတို့baseကို​ အဖျက်ဆီးခံလိုက်ရပြီးချိန်မှာ​တော့ သူ့ရဲ့items​တွေကိုပါ ထုတ်​ရောင်းလိုက်ရပြီး အလွန်အမင်းကိုစိတ်ဓါတ်ကျ​နေ​လေသည်။

သူတို့​လော်ဘီထဲက​နေပြန်ထွက်လာပြီးချိန်၌ ​ရှောင်ပိုင် Pineကို​ကျော်ကာ ကျန်းရုန်ကိုရှင်းပြဖို့လှည့်လာ၏။ "ဒီ​နေ့ကစား​တဲ့ MFGရဲ့Junglerက အရင်က​တော့ သူတို့ရဲ့တရားဝင်ကစားသမား​လေ ဒါ​ပေမယ့် သူ့သ​ဘောထားက အ​တော်​လေးဆိုး​တော့ တစ်ရာသီပြီးတာနဲ့ အစားထိုးကစားသမားဖြစ်သွားတာပဲ သူ့မှာကအကျိုးမရှိလည်း လိုက်gankတတ်တဲ့အကျင့်ဆိုးကိုရှိ​နေတာ အဲ့တာက ရိုးရိုးRankပွဲ​တွေနဲ့ သာမန်​လေ့ကျင့်​ရေးပွဲ​တွေ​လောက်ဆို အဆင်​ပြေ​သေး​ပေမယ့် တကယ့်ပြိုင်ပွဲ​တွေမှာလည်း သူက အသင်းက​နေကွဲထွက်သွားတတ်တယ်...."

ကျန်းရုန်သူ့နားကြပ်ကိုချွတ်လိုက်ပြီး ​ခေါင်းကို​​စောင်းကာ ​ရှောင်ပိုင်​ပြော​နေသည်ကို တိတ်တဆိတ်နား​ထောင်​နေ၏။

"တစ်ခါတုန်းက ပုံမှန်ရာသီပွဲတစ်ပွဲမှာ​ ဆယ်မိနစ်​​လောက်အတွင်း သူကငါတို့bot laneကို ၄ကြိမ်​တောင်လာgankတာ​လေ ​တော်​တော်အသုံးမဝင်တာ...." ​ရှောင်ပိုင်တရစပ်​ပြော​နေမိပြီးမှ တစ်ဖက်လူနှင့်သူရဲ့ဆက်ဆံ​ရေးက သူများအသင်းကလူ​တွေကို အပြန်အလှန်​ဝေဖန်နိုင်သည်အထိ မရင်းနှီး​သေးမှန်း သ​​ဘော​ပေါက်လိုက်သည်။

ကျန်းရုန်ဘက်က ပုံမှန်လိုလစ်လျူရှုထားသည့်ပုံနှင့် "အင်း"ဟု​ပြောလာမည် ဒါမှမဟုတ် သူ့ကိုဘာမှပြန်မ​ပြောပဲ ထထွက်သွားမည့်အ​ကြောင်းပါ သူ​စဥ်းစားလိုက်မိ​​တော့ သူ့ပါးစပ်ကိုပိတ်လိုက်ကာ စကားစဖြတ်ဖို့ပြင်ဆင်လိုက်၏။

||Complete|| I Can Do It [MM Translation]Where stories live. Discover now