အပိုင်း(၈၄)

3.9K 720 95
                                    

(Unicode)

ပြီးခဲ့သည့်ညက ကျန်းရုန် လုံးဝအိပ်မ​ပျော်​ဘဲ သူနိုးလာသည့်အချိန်မှာပင် ပထမဆုံးဝင်လာသည့်အသိက သူ့ချစ်သူနှင့်ဘယ်လိုများဆက်ဆံ​ပြောဆိုရမလဲ ဟူ၍။
 
အခုချိန်မှာ​တော့ ​နောက်ထပ်ပြဿနာတစ်ခု ရှိ​နေ​သေးပုံ​ပေါ်သည်။
 
သူနဲ့လု​ပေါ်ယွမ်ကတွဲ​နေတယ်လို့​ရော သတ်မှတ်လို့ရပါ့မလား?
 
ဒီလိုကိစ္စမျိုး​နှင့်ပတ်သတ်ပြီး ကျန်းရုန်မှာ အ​တွေ့အကြုံမရှိ​ပေ။ သုံးကြိမ်​မြောက်အသတ်ခံရပြီး၍ သူ့စခရင်မည်းသွားချိန်မှာ​တော့ ကျန်းရုန် ထိန်းမထားနိုင်​တော့ဘဲ ဖုန်းကိုထုတ်ကာ အချစ်​ရေးကိစ္စတွင် အ​တွေ့အကြုံရှိသည့် သူ့သူငယ်ချင်းဖြစ်သူကို ဆက်သွယ်​တော့သည်။
 
[R-ong : အားလား? ​မေးစရာရှိလို့]
 
[ရှစ်လျို့ : …..မင်းဂိမ်းကစား​နေရင် ဖုန်းမကြည့်တတ်ဘူးမဟုတ်လား? ဘာများဖြစ်လို့လဲ အ​ရေးကြီးကိစ္စပဲ​နေမယ်]
 
ဂိမ်းကစား​နေရင်း ကျန်းရုန် ဖုန်းမကြည့်တတ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့​သော်လည်း ဒီတစ်​ခေါက်မှာက သူကSupportကစား​နေခြင်းဖြစ်ကာ Annie၏ရည်ရွယ်ချက်ကလည်း စတင်တိုက်ခိုက်ရသည်မို့ သူစကားခဏ​ပြောလျှင်ပင် ကိစ္စမရှိ​ပေ။
 
သူခပ်မြန်မြန်စာရိုက်လိုက်သည်။
 
[R-ong : ​မေးကြည့်ချင်လို့။ လူနှစ်​ယောက်ကြားက ဘယ်လိုဆက်ဆံ​ရေးမျိုးဆို တွဲ​နေတယ်လို့သတ်မှတ်လဲ?]
 
[ရှစ်လျို့ : ??????]
 
[ရှစ်လျို့ : မင်းတို့​တွေ အကြမ်းစား​လေ့ကျင့်​ရေး​တွေဆင်း​နေရတုန်း မဟုတ်ဘူးလား? ရည်းစားထားဖို့အချိန်ရှိတယ်​ပေါ့?? ဘယ်သူနဲ့လဲ?]
 
[R-ong : ငါတို့တွဲ​နေလားဆိုတာမ​သေချာလို့]
 
[ရှစ်လျို့ : ဘယ်လိုလုပ်မ​သေချာဖြစ်​နေတာလဲ? ဘယ်အဆင့်ထိ​​ရောက်ကြပြီလဲ ​ပြောကြည့်။ ဖက်ပြီးပြီလား? လက်​ရောကိုင်ပြီးပြီလား?]
 
[R-ong : ……]
 
[R-ong : မဖက်ရ​သေးဘူး]
 
ရှစ်လျို့မှာ ‘ဖက်​တောင်မဖက်ရ​သေးဘဲ ဘယ်လိုလုပ်တွဲမှာလဲ’ဟု ​ရေးရန်ပြင်လိုက်ချိန်…
 
[R-ong : နှစ်စက္ကန့်စာ​လောက်​တော့ လက်ကိုင်ဖူးတယ်။ ပြီး​တော့]
 
[R-ong : တစ်ခါနမ်းဖူးတယ်]
 
ရှစ်လျို့မှာ ဖုန်းကိုကိုင်ထားရင်း တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
 
[ရှစ်လျို့ : မင်းကိုယ်မင်းဆန်ကုန်​မြေ​လေးလို့မထင်ဘူးလား]
 
[R-ong : ?]
 
[ရှစ်လျို့ : ​ကောင်မ​လေးကို နမ်း​တောင်နမ်းပြီးသွားပြီကို အခုချိန်ထိ တွဲ​နေတာမ​သေချာ​သေးဘူးလို့ လာ​ပြော​နေတာလား??]
 
ကျန်းရုန် : “………..”
 
ကျန်းရုန် ရှင်းမပြ​တော့ရန်သာ ဆုံးဖြတ်လိုက်​ပါသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now