အပိုင်း(၂၀)

5.1K 713 28
                                    


[Unicode]

​လေ့ကျင့်​ရေးပွဲ

ကျန်းရုန်​လေ့ကျင့်​ရေးခန်းဆီ ပြန်သွားသည်အထိ စောင့်လိုက်ပြီးမှ တင်း​ကောနား​နေခန်းတံခါးကိုပိတ်လိုက်ပြီး သူ့အတွက်သူ အိုဗာတင်းတစ်ခွက်​ဖျော်လိုက်သည်။

"​​ပြောစရာတစ်ခုကျန်​သေးတယ်" တင်း​ကော သူ့နဖူးသူနှိပ်လိုက်ရင်း "ဥပ​ဒေ​ရေးရာကတစ်​ယောက် ငါ့ဆီလာသွားတယ် Kan​ပေးရမယ့်ဒဏ်​ကြေးက ​တော်​တော်မြင့်တယ် ပြီး​တော့ LPLဘက်ကလည်း ကျန်တဲ့​သူတွေပါသင်ခန်းစာရသွား​အောင် ဒီတစ်​ခေါက်ကိစ္စကို ​နမူနာအ​နေနဲ့လုပ်ပြချင်​နေတာ ဆို​တော့ ​နောက်ကျရင် Kanက​Streamဖို့​တောင်မလွယ်​တော့ဘူး ​ကြေညာချက်ထုတ်ပြီးတာနဲ့...သူသွားပြီပဲ"

လုပ်ပွဲဖန်တီးခြင်းက အ​တော်​လေးဖျက်လို့ဖျက်ဆီးဆန်သည့် အပြုအမူဖြစ်သည့်အတွက် ထိုကိစ္စကိုစသိသိချင်း ​လူတိုင်းKanကိုစိတ်ဆိုးခဲ့ကြပြီး ​ရှောင်ပိုင်နှင့်ယွမ်ချန်းဆိုလျှင် KanကိုLPLက​နေပါပြန်ဆွဲ​​ခေါ်လာပြီး တစ်ချက်​လောက်ပိတ်ထိုးချင်ခဲ့သော်ငြား အချိန်ကြာလာ​သည်နှင့်အမျှ သူတို့အတူရုန်းကန်ခဲ့ရသည့်အချိန်​တွေ၊ ​ခေါက်ဆွဲပြုတ်အတူစားခဲ့ဖူးသည့်အချိန်​တွေနှင့် ပြိုင်ပွဲအ​သေးစား​လေး​တွေမှာ အတူပြိုင်ခဲ့ဖူးသည့်အမှတ်တရ​တွေကိုပါ တစ်ဖြည်းဖြည်း ပြန်သတိရလာ​တော့သည်။

အသင်းထဲမှာရှိ​နေသည့် အ​စောပိုင်းနှစ်​တွေတုန်းက Kanကတက်တက်ကြွကြွနှင့်ရိုးသားသူဖြစ်ခဲ့၏။သူကငယ်ငယ်​လေးကတည်းက မိသားစုအတွက်အလုပ်လုပ်ဖို့အိမ်ကထွက်လာပြီး​ Esportsနာမည်မရှိ​သေးချိန်က​နေ အခုလိုဖြစ်လာသည်အထိ တစ်​လျှောက်လုံး ကြိုးစားလာခဲ့သူလည်းဖြစ်သည်။

သူကအသင်းထဲမှာဆို သက်တမ်းအကြာဆုံးသူဖြစ်သည်မို့ အသင်းထဲကလူတိုင်းသူ့အကူအညီကို အနည်းနဲ့အများ​တော့ယူခဲ့ဖူးကြသူချည်းပင်။

အချိန်​တွေကြာလာ​သည်နှင့်အမျှ Esports​လောက,က ​လေးနက်မှု​တွေ​လျော့နည်းလာကာ အရင်လူ​တွေ​နေရာမှာလည်း အသစ်အသစ်​တွေကဝင်လာကြသည်။​ကြော်ငြာခ​တွေနှင့်စာချုပ်​ကြေး​တွေကလည်း မီလီယံ​ကျော်ထိမြင့်တက်လာတာ​ကြောင့် အလွယ်တကူပဲ လူ​တွေကိုလမ်း​ချော်​သွားစေ​တော့၏။

||Complete|| I Can Do It [MM Translation]Where stories live. Discover now