အပိုင်း(၆၀)

5K 758 95
                                    


(Unicode)

တစ်ဆိတ်​လောက် မင်းက ကမ္ဘာ​ကျော်တဲ့ စီချွမ်​အော်ပရာမျက်နှာ​​ပြောင်းသူ ဆရာကြီးSoftများလား?

( T/N : စီချွမ်​အော်ပရာထဲမှာ သရုပ်​ဆောင်က စင်​ပေါ်မှာပဲ မျက်နှာဖုံး​တွေအများကြီးကို ​လဲပြတဲ့အပိုင်းပါပါတယ်။ အခြားအဓိပ္ပါယ်က​တော့ မျက်နှာအ​ပြောင်းအလဲမြန်သူလို့ ဆိုလိုတာပါ )

ကျန်းရုန်က​တော့ တစ်ဖက်လူရဲ့​ခေါင်းကို ဒီပုံးနဲ့ဘယ်လိုပစ်​ပေါက်ရမလဲဆိုတာပင် စီစဥ်ပြီးသွား​ချေပြီ။

ပစ်​ပေါက်ရုံတင်မဟုတ်ဘူး အဲ့​ကောင်ကိုရိုက်ပါရိုက်ပစ်ဦးမယ်!

လု​ပေါ်ယွမ် သူ့လက်​မောင်းကိုလွှတ်​ပေးလိုက်သည်နှင့် လက်သည်း​တွေကိုသွေးထားသည့် ​တောလိုက်ကျားသစ်လို ကျန်းရုန် တံခါးဆီတစ်ဟုန်ထိုးသွားလိုက်သည်။

ကျန်းရုန်က တကယ်ကို​နောက်ကလိုက်ဖို့ ရည်ရွယ်ထားမည်ဟု မ​မျှော်လင့်ထားသည်​ကြောင့် လု​ပေါ်ယွမ် အမြန်လှမ်းပြီး သူ့လက်​မောင်းနဲ့ကျန်းရုန်ရဲ့လည်ပင်းတစ်ဝိုက်ကို သိုင်းဖက်ကာ အမြန်တားလိုက်ရသည်။ ကျန်းရုန်လည်း သူ​​ရှေ့ထုတ်ထားတဲ့​ခြေ​ထောက်ကို ချက်ချင်းပြန်ရုတ်လိုက်​မိ၏။

လု​ပေါ်ယွမ်က အခု​လေးတင် လက်​ဆေးလာခဲ့သည်မို့ သူ့ရဲ့လက်ဖဝါးက ​အေးစက်​နေသည်။ သို့​​သော်လည်း ကျန်းရုန်မှာ​တော့ သူတို့ထိမိ​နေသည့်​နေရာ​တွေက တစ်ဖြည်းဖြည်းစတင်​လောင်ကျွမ်း​နေသည်ဟုပင် ခံစား​နေရသည်။ ကျန်းရုန် မသိစိတ်အရ တံ​တွေးမြိုချလိုက်မိသည်။

ကျန်းရုန်က ​အ​ရေပြားပါးသူမို့ သူ့လည်​ချောင်းရဲ့လှုပ်ရှားမှုက လု​ပေါ်ယွမ်အား သတိထားမိသွား​စေသည်။ နှစ်စက္ကန့်​လောက်အကြာ လု​ပေါ်ယွမ် သူ့ကိုလွှတ်​ပေးလိုက်ပြီး ကျန်းရုန်ရဲ့​ခေါင်းကို ပုတ်​ပေးလိုက်၏။

"ဒီ​လောက်​နောက်ကျ​နေတာ သူတို့ဘယ်နားမဆိုပုန်း​နေလို့ရတယ် ၊ မင်းရှာလို့​တွေ့မှာမဟုတ်ဘူး" လု​ပေါ်ယွမ်က​ပြောလာသည်။ "ပုံးကိုချလိုက်"

||Complete|| I Can Do It [MM Translation]Where stories live. Discover now