အပိုင်း(၁၇)

5.1K 737 168
                                    

[Unicode]

သား​လေး ​နောက်ဘဝမှာ​တော့​ဖော်လံဖား​လေးထပ်မဖြစ်​စေနဲ့​တော့​နော် အို​ခေ?

ကျန်းရုန်ကလု​ပေါယွမ်နဲ့ အရင်တစ်ခါကလည်းနှစ်​​ယောက်တွဲကစားဖူးသည့်အတွက် သူ့ရဲ့အဓိကအ​ကောင့်နှင့်ကစားလျှင်ပင် ဘာကိစ္စမှမရှိ​ချေ။သူTTC baseမှာရှိ​နေ​ကြောင်းသာ မ​ဖော်မိလျှင်ရပြီဖြစ်သည်။

လု​ပေါယွမ်က သူ့ကိုပါတီဆီဖိတ်​ခေါ်လိုက်ပြီး ​မေးလာ၏။ "မင်းရဲ့ပရိတ်သတ်​တွေကိုသိ​စေချင်​သေးလား?မင်းlivestreamလွှင့်တာ ရုတ်တရက်ကြီးရပ်လိုက်တုန်းကဆို ​တော်​တော်များများအဲ့အ​ကြောင်းကို ကိုယ့်​weiboဆီလာ​မေးကြ​သေးတယ်"

ချက်ချင်းဆိုသလိုပဲ ကျန်းရုန်သူမြင်ခဲ့ဖူးသည့်ထိပ်ဆုံးမှတ်ချက်​တစ်ခုကို သွားအမှတ်ရလိုက်သည်။

ထိုအချိန်တုန်းက အဲ့ဒီမှတ်ချက်ကိုအ​ကောင့်နှစ်​ကောင့်သုံးပြီး reportထုခဲ့တာ​တောင်မှ ယခုချိန်ထိ ထိုမှတ်ချက်ပျက်သွား​အောင်မလုပ်နိုင်​သေးပေ။

ဒါဆို Roadက​ရောကွန်မန့်​တွေကိုဖတ်တယ်လို့ဆိုလိုတာလား?

ကျွမ်းကျင်ကစားသမား​တွေက အ​ပြောအဆိုခံရတာ​တွေကို​ မမြင်နိုင်​အောင်ရှောင်ကျဥ်ကြဖို့ သူတို့ရဲ့ကိုယ်ပိုင်cmt boxနဲ့ ​​ဆွေး​နွေးတဲ့​forum​တွေထဲကို ဝင်မကြည့်ကြဘူးလို့ ​ပြောကြတယ်မဟုတ်ဖူးလား?

"မလိုပါဘူး ကျွန်​တော်နောက်ဆုံးStreamခဲ့တာ​တောင် အ​တော်ကြာ​နေပြီ သူတို့လည်းအခြားသူ​တွေရဲ့ livestream​တွေဆီ​ရောက်​နေ​လောက်​ရော​ပေါ့" ကျန်းရုန် ထိုအ​​ကြောင်းကိုဆက်မ​ပြောချင်သည့်အတွက် သူကစားချင်တဲ့Roleကို အလျင်အမြန်ပဲ​ရွေးလိုက်ကာ စကားလမ်း​ကြောင်းလွဲလိုက်သည်။။ "ကျွန်​တော်အဆင်သင့်ဖြစ်ပြီ"

လု​ပေါယွမ်က "အင်း"ဟု​ရေရွတ်လာပြီး​နောက် Livestreamကိုစတင်လိုက်ကာ ပြိုင်ပွဲထဲကိုဝင်လိုက်သည်။

သူတို့ရဲ့ in-game voice chatကဖွင့်ထားသည့်အတွက် ကျန်းရုန်သူ့မိုက်ခ်ကိုပိတ်လိုက်၏။

ဂိမ်းထဲကိုဝင်​ရောက်ပြီးသည့်​နောက်တွင် သူကစတုတ္ထ​မြောက်​ရွေးချယ်ရမည့်သူဖြစ်​ကြောင်း ကျန်းရုန်​တွေ့လိုက်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now