အပိုင်း(၁၀၆)

3.6K 565 52
                                    

ရှောင်ပိုင်တစ်ယောက် သူ့ခေါင်းကပေါက်ကွဲထွက်တော့မယောင် ခံစားနေရပြီး သူ့အစာအိမ်ကလည်း အခြေအနေမကောင်းပါချေ။ ကိုယ်တိုင်ဝန်ခံထားသည့် ဖက်တီးလေးတစ်ယောက်အနေဖြင့် ဗိုက်ဆာနေခြင်းဖြစ်မည်ဟု သူတွေးလိုက်၏။

ရှောင်ပိုင် ကျန်းရုန်၏အခန်းတံခါးကို မှီထားရင်း ခဏကြာအောင် တံခါးခေါက်လိုက်သည်။ တုံ့ပြန်သံမကြားရတာကြောင့် ရှောင်ပိုင်က ဗလုံးဗထွေးစကားတွေ ဆက်တိုက်ပြောတော့သည်-

"ကျန်းရုန်ရေ---

"ရုန်~ရှိလား~

"နတ်ဘုရားကျန်း? တံခါးဖွင့်ဦး

"ကမ္ဘာ့နံပါတ်တစ်Cassiopeiaရေ? ပြန်ဖြေဦးလေ

"မနက်စာစားမှာလား မစားဘူးလား?"

အနီးရှိတံခါးနှစ်ချပ်ကပွင့်လာပြီး အရင်ဆုံး ယွမ်ချန်က သူ့အခန်းထဲကနေ ခေါင်းပြူထွက်လာသည်။ သူက သူ့ကောင်မလေး ယိုးယိုးနှင့် ဖုန်းပြောနေပြီး တစ်ဖက်ကတစ်ခုခုပြောလိုက်သည်ကြောင့် သူက ချက်ချင်းကိုယ်မတ်သွားပြီး ရှင်းပြတော့သည်။

"ဘယ်ကမိန်းကလေးလဲ? ဘယ်လိုလုပ်မိန်းကလေးကိုခေါ်လာပြီး Baseမှာအိပ်လို့ရမှာလဲ! ရှာတွေ့သွားရင် ကိုယ့်ကိုတင်းကောအသေသတ်မှာပေါ့! သေချာပေါက် အခြားမိန်းကလေးဆိုတာလည်း မရှိဘူးလေ....

"အဲ့တာရှောင်ပိုင့်အသံ မမှတ်မိဘူးလား? မိန်းကလေးသံ? ဒါသူ့ပုံမှန်အသံပါပဲ။ ဟုတ်ပါပြီကွာ.....မင်းကြားရအောင် သူ့နားတိုးပေးမယ်။ သူမူးနေတာ။ ကိုယ်လား? သေချာပေါက်မမူးဘူးပေါ့။ မင်းကိုယ့်ဘေးနားမှာ ထိုင်နေတာကို ဘယ်လိုလုပ်သောက်ရဲပါ့မလဲ...."

Pineက သူ့အခန်းတံခါးကိုမှီလျက် ကျွမ့်ရိပိုင်၏မူးရူးနေပုံကို ရပ်ကြည့်နေသည်။ အခုလေးမှ ရေချိုးပြီးလာသည်မို့ သူကစိုစွတ်နေဆဲဖြစ်ကာ ဘောင်းဘီရှည်တစ်ထည်သာ ဝတ်ထားပြီး လည်ပင်းထက်တွင် ပုဝါတစ်ထည်ကို တင်ထားသည်။ အပြင်ဘက်ကအသံတွေကြားတော့ ကျန်းရုန် သည်းမခံနိုင်တော့ဘဲ ရှောင်ပိုင်ကိုတီးနေပြီဟု ထင်လိုက်ပြီး ထွက်ကြည့်ခြင်းပင်။

"မစားချင်ရင်တောင် ငါ့ကိုလစ်လျူရှုမထားသင့်ဘူးနော်။ ဟုတ်တယ်မလား? မင်းလို ကမ္ဘာ့နံပါတ်တစ်cassiopeiaက အပြုအမူကောင်းတွေရှိသင့်တယ်လေ"

||Complete|| I Can Do It [MM Translation]Where stories live. Discover now