အပိုင်း(၉)

5.1K 822 161
                                    

Roadကို​တောင်းဆိုပါတယ်၊ငါ့သား​စောက်ပိန်း​လေးကိုတစ်ချက်​လောက်လှည့်ကြည့်ပါဦး

ပြိုင်ပွဲပြီးသွားသည့်အချိန်တွင် အားကစားရုံအနီးတစ်ဝိုက်ရှိလမ်း​ကြား​တွေ၌ လူ​တွေ၊ယာဥ်​တွေနှင့်ရှုပ်ယှက်ခက်​နေသည်။

ကားက ​ရှေ့ကိုလက်မအနည်းငယ်​လောက်​ရွေ့သွား​ပေမယ့်လည်း ထပ်ပြီးစက်​သေသွားပြန်၏။ရှစ်လျှို့က ကားကိုဒီတိုင်းရပ်ထားခဲ့​တော့မည်ဟု ဆုံးဖြတ်လိုက်ကာ ခရီးသည်တင်သည့်ထိုင်ခုံဘက်ကို လှည့်ကြည့်လိုက်သည်။

ကျန်းရုန်က သူ့ရဲ့တံ​တောင်ဆစ်ကိုကားပြတင်း​ပေါက်​ဘောင်​ပေါ် တင်ထားပြီး သူ့ရဲ့လက်ဖဝါးက​တော့ လည်ပင်းအ​နောက်ဘက်မှာ​နေရာယူထား​လေသည်​။သူကအပြင်ဘက်ကို​ငေးကြည့်​နေ၏။

ရှစ်လျှို့ သူ့ရဲ့မျက်ဝန်း​တွေကိုကျဥ်းလိုက်ပြီး ကျန်းရုန်နားကိုကပ်သွားလိုက်သည်။အခြားသူရဲ့အကြည့်ကို ခံစားမိ​တော့ ကျန်းရုန်က​ခေါင်းကိုလှည့်ကြည့်လာသည်။ "ဘာလဲ?"

"မင်းမျက်နှာကဘာလို့ဒီ​လောက်နီ​နေတာလဲ?" ​ရှစ်လျှို့က သူ့ကိုအထက်​အောက်စုံဆန်ကြည့်ပြီး​မေးလာသည်။ "​ရှောင်ပိုင်ဝင်တိုက်မိတာဘယ်​နေရာလဲ?ငါ​ဆေးရုံလိုက်ပို့ရမလား?"

ကျန်းရုန်က နည်းနည်း​လေးပူ​လောင်​နေတဲ့သူ့ရဲ့ဂုတ်ပိုးကို ဖုံးလိုက်၍ပြောလိုက်၏။ "အဆင်​ပြေပါတယ် ငါမနာပါဘူး။အဲ့မှာအကြာကြီးထိုင်ခဲ့ရ​တော့ အေးလာလို့​လေ"

​ရှစ်လျှို့က "အမ်း"လို့​ပြောလိုက်ပြီး သူ့ထိုင်ခုံမှာပြန်ထိုင်လိုက်သည်။ "ချန်း​ကောကတကယ်​ကောင်းတဲ့လူပဲ။သူကငါတို့ကို​တောင်အ​နောက်ဘက်တံခါးကထွက်ခိုင်း​သေးတယ်။တကယ်​တော့ ငါသူနဲ့အဆက်အသွယ်မလုပ်ဖြစ်တာ ​တော်​တော်ကြာပြီ..."

ကျန်းရုန်က​ သူ​ပြော​နေသည်ကိုနား​ထောင်​နေ​သော်လည်း စိတ်အာရုံကပျံ့လွင့်​နေ၏။ထို့​နောက် သူ့ဖုန်းကိုထုတ်ကာကြည့်​နေသည်။ဖုန်းမျက်နှာပြင်တစ်ခုလုံးက ​weibo noti​တွေနှင့် ပြည့်နှက်​နေ​လေသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now