အပိုင်း(၇၂)

4.4K 702 63
                                    

(Unicode)

ည(11)နာရီဖြစ်သော်လည်း လူတိုင်းက လေ့ကျင့်ရေးခန်းတွင် ပိတ်မိနေကြဆဲ။ အခုရက်ပိုင်းတွင် လေ့ကျင့်ရေးပမာဏက တိုးလာသည်ကြောင့် ရက်တွေဆက်လာသည့်အခါ အားလုံး၏မျက်နှာတွင် ပင်ပန်းမှုတို့ ပေါ်လာတော့သည်။

ကျန်းရုန်မှလွဲ၍။

သူက အပြည့်အဝ အာရုံစိုက်ထားသည့်အမူအရာဖြင့် သူ့ရဲ့မျက်ခုံးတို့ကလည်း အနည်းငယ် တွန့်ချိုးနေသည်။

“ရှောင်ပိုင် ငါ့ကို speed boostနဲ့ shieldပေး သူတို့Mid Lanerကို tower diveပြီး killမလို့….”

သူပြောလို့မဆုံးသေးခင်မှာပင် ရှောင်ပိုင်ရဲ့LuLuက မှော်တုတ်တံကို မြှောက်လိုက်သည်။ ပြီးနောက် ဒင်ခနဲ ကျန်းရုန်ရှေ့မှ minionတစ်ကောင်ကို ချေမှုန်းလိုက်လေသည်။

ရှောင်ပိုင် : “…..”

ကျန်းရုန် : “.”

ရှောင်ပိုင် : “တကယ်လို့ ငါကအရမ်းအိပ်ချင်နေလို့ မျက်လုံးကိုပွတ်နေရင်း မောက်စ်ကိုခပ်ကြမ်းကြမ်းနှိပ်မိသွားလို့ မတော်တဆ မင်းရဲ့minionတစ်ကောင်ကို သတ်မိသွားတယ်လို့ပြောရင် မင်းငါ့ကိုယုံမှာလားဟင်?”

ကျန်းရုန်၏ ဂိမ်းထဲမှကာရိုက်တာမှာ စက္ကန့်အနည်းငယ်လောက် တောင့်ခဲသွားပြီးမှ ရှေ့ဆက်ပြီး လမ်းပြန်ရှင်းလေသည်။

“သုံးကောင်”

ရှောင်ပိုင်က နားမလည်နိုင်စွာ ပြန်ပြောသည်။

“ဘာသုံးကောင်လဲ?”

ကျန်းရုန် : “ငါအသင်းထဲရောက်ကတည်းက မင်းငါ့ဆီက minionတွေခိုးနေတာ စုစုပေါင်း သုံးကောင်ရှိသွားပြီ”

“??”

ရှောင်ပိုင်မှာ ချက်ချင်းပင် သူ့ရဲ့ပင်ကိုအင်အားတွေ ပြန်ရသွား၏။

“မင်းကအဲ့လောက်တောင်အငြိုးအတေးကြီးတယ်လား?!”

ကျန်းရုန်က စိမ်းစိမ်းကားကား ပြန်ပြောသည်။

“မင်းကို ဘယ်သူက ငါ့Mid Laneဆီလာပြီး အိမ်မက်ယောင်လမ်းလျှောက်ခိုင်းလို့လဲ? Pineဆီပဲသွားကပ်နေလို့မရဘူးလား?”

||Complete|| I Can Do It [MM Translation]Where stories live. Discover now