Extra 1

3K 445 128
                                    

MSIပွဲစဥ်ပြီးဆုံးသွားပြီး​နောက် လဝက်အကြာတွင် ​နွေရာသီက စတင်​ပေသည်။

​နွေရာသီပွဲစဥ်၏ပထမဆုံးပြိုင်ပွဲ​နေ့၌ ပြိုင်ပွဲ​တွေက ည​နေ(၃)နာရီတွင် စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်​ရေးပလက်​ဖောင်းဘက်မှ ​တောင်းဆိုမှု​ကြောင့် ကျန်းရုန်တစ်​ယောက် ရှင်းလင်းတင်ဆက်သူအဖြစ် တိုက်ရိုက်ထုတ်လွှင့်​ပေးရသည်။

သူစလွှင့်ပြီး သိပ်မကြာခင်မှာပဲ သူ့တိုက်ရိုက်ထုတ်လွှင့်ခန်းက ပလက်​ဖောင်း၏ နာမည်အကြီးဆုံး ထိပ်ဆုံး​​နေရာဆီ ခုန်တက်သွားသည်။

Livestreamဆီ အ​ပြေးလာ​ကြသည့် အ​ဖေတစ်သိုက်နှင့်အတူ အ​ပျော်ဝင်ကြည့်သည့် ဖြတ်သွားဖြတ်လာ​တွေအားလုံး ​ရောက်လာကြရာ အခု​လေးမှ အိပ်ရာထလာပုံရ​သည့် ငှက်သိုက်ဆံပင်နှင့် လူငယ်​လေးကို ​တွေ့လိုက်ကြရသည်။ သူက နွားနို့ကိုပိုက်နှင့်စုပ်​သောက်လိုက်ရင်း သူ့​ဘေးရှိတစ်​ယောက်အား လှမ်း​မေးလိုက်သည်။ "ဒီ​နေ့ ခွပ်ကြမှာ ဘယ်ကကြက်​ပေါက်စ​တွေလဲ?"

​ရှောင်ပိုင် : "..."

​​ရှောင်ပိုင် : "PUDနဲ့ကျန်းဟူ"

ကျန်းရုန်က "​သြော်"ဟု အသံပြုလိုက်ပြီး "ဒါဆို ​သန့်စင်ခန်းခဏသွားလိုက်ဦးမယ်။ သူတို့ဆိုရင် ပွဲက အနည်းဆုံး မိနစ်၄၀ပဲ"

​ရှောင်ပိုင်က သူ့ကွန်ပျူတာဆီ လှမ်းကြည့်လာ၏။ မျက်လုံးထဲမှာ​တော့ စာနာမှုများအပြည့်။ "မ​နေ့ညက XIUနဲ့သာ့နျိုတို့ သူတို့ပြိုင်ပွဲက​နေ ​ဝေး​​ဝေး​နေ​အောင် မင်းကို ဟုန်​ပေါင်း​ပေး​သေးတယ် မဟုတ်ဘူးလား?"

သူတို့နှစ်​ယောက်ဆီမှ စကားအစစ်အမှန်က​တော့ : [@R-ong မနက်ဖြန် Livestreamမလွှင့်ဖို့ ဒီမှာပိုက်ဆံ ယူပြီး လစ်လိုက်ပါ​တော့!]

ကျန်းရုန်က ရှင်းပြလာသည်။ "ပလက်​ဖောင်းဘက်က​ပေးတဲ့ဟုန်​ပေါင်းက ပိုကြီးတယ်"

"ပိုက်ဆံ​ကြောင့်နဲ့ ညီအစ်ကို​တွေကို​တောင် သစ္စာ​ဖောက်​တော့မှာလား?" ​ရှောင်ပိုင်က​ပြောလာ၏။ "ပလက်​ဖောင်းဘက်က ဘယ်​လောက်​ပေးလို့လဲ?"

ကျန်းရုန်က ကွန်ပျူတာ​အောက်တွင် လက်ဖြန့်လိုက်ပြီး လက်​ချောင်း​တွေကိုသုံးကာ ဂဏန်းအ​ရေအတွက်ကို ​ရှောင်ပိုင်ဆီ လက်ဟန်ပြလိုက်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now