အပိုင်း(၇၃)

4.1K 706 87
                                    

(Unicode)

လုပေါ်ယွမ်၏မျက်ခုံးစွန်းတို့က တွန့်ချိုးသွားပြီး အလျင်အမြန်ပင် ပြန်လည်ပြေလျော့သွားသည်။

သူဘယ်လိုအိမ်မက်မျိုးများမက်နေတာလဲ။

ခဏအကြာ သူမေးကြည့်လိုက်သည်။

“minionကသုံးကောင်မဟုတ်ဘူးလား?”

မလွဲမသွေပင် ပြန်ဖြေလာသူမရှိ။

ကျန်းရုန်က ရေချိုးပြီးတာမကြာသေးသဖြင့် သူ့ရဲ့လက်မောင်းက မဆိုသလောက် အေးစက်နေသည်။ လုပေါ်ယွမ်က အမှောင်ထုဆီ ငေးကြည့်နေရင်း အလွန်နွေးသည့်အပူချိန်တစ်ခု ကျန်ရစ်ခဲ့သည်အထိ သူ့လက်မောင်းနှင့် ထိမိနေသည့်လက်မောင်းက ဖြည်းဖြည်းချင်း ပူလာနေသည်ကို ခံစားမိ​နေသည်။

ဒီညအစောပိုင်းက တင်းကောမှသူ့အား ဘယ်သူနဲ့အတူအိပ်ချင်လဲ ဒါမှမဟုတ် ဧည့်သည်အခန်းတွေကို ရှင်းပေးရမလား မေးလာခဲ့သည်။ ဧည့်သည်အခန်းတွေထဲမှာ အနံ့ကပြင်းသော်ငြား တစ်ညတာလောက် သည်းမခံနိုင်စရာ အကြောင်း​တော့မရှိပေ။

လုပေါ်ယွမ်က မျက်လွှာချလျက် တင်းကောစကားပြောပြီးသည်အထိ နားထောင်နေခဲ့သည်။ ပြီးနောက် ခေါင်းအုံးကိုကောက်ယူလိုက်ပြီး ကျန်းရုန်၏ကုတင်ပေါ် ပစ်တင်လိုက်လေသည်။

“စောက်တုံး…..”

ပင်ပန်းလွန်းသည်ကြောင့် သူ့ဘေးရှိလူက အိမ်မက်ထဲတွင် တောင်စဥ်ရေမရ ဗလုံးဗထွေး စပြောလာပြန်သည်။

“ငါကမင်းအဖေ…..”

လုပေါ်ယွမ်က ဖြည်းညင်းစွာ မျက်တောင်ခတ်လိုက်သည်။

“….စကတ်မဝတ်ဘူး”

လုပေါ်ယွမ်က ညင်ညင်သာသာ ပြောလိုက်ပေသည်။

“အင်း”

“မင်းအဖေ…..ကမ္ဘာ့နံပါတ်တစ် Mid Laner”

“……”

လုပေါ်ယွမ် ရယ်ချင်သွားသည်။ သို့သော် သိပ်ပင်မကြာလိုက် သူ့အပြုံးတို့ တောင့်ခဲသွားရ​တော့သည်။

ကျန်းရုန်က ရုတ်တရက် လက်ကိုမြှောက်ကာ လုပေါ်ယွမ်၏ကိုယ်ပေါ် ပစ်တင်လိုက်သည်။ ပါးလွှာလွှာအဝတ်တစ်ထပ်ပေါ်မှ သူ့လက်ချောင်းတို့က လုပေါ်ယွမ်၏ဝမ်းဗိုက်ပိုင်းကို ဖိနှိပ်နေသည်မှာ ဂိမ်းထဲရှိSkillတို့အတွက် ကီးဘုတ်မှခလုတ်ကို နှိပ်နေသည့်အတိုင်း။

||Complete|| I Can Do It [MM Translation]Where stories live. Discover now