အပိုင်း(၃)

5.6K 780 73
                                    

(Unicode)

မဟုတ်​သေးပါဘူး မင်းကအရမ်းအသုံးမကျတာပဲ

​​​​​နောက်​တစ်နေ့၏နေ့လယ်ခင်း​ သူနိုးလာသည့်အချိန်တွင် သူ့ဖုန်းဆီပို့ထားသည့် မက်​ဆေ့ချ်အနည်းငယ်ကို ကျန်းရုန်မြင်လိုက်ရသည်။

[ရှစ်လျို့ : နိုးပြီလား အစ်ကိုကြီး]

[ရှစ်လျို့ : ငါကြားတာ​တော့ အဖွဲ့အစည်းဘက်မှာ ပြုပြင်မှုအကြီးစားတွေ ထပ်လုပ်​ဖို့ပြင်နေတယ်တဲ့၊ အခုရက်ပိုင်းlivestream​တွေမှာ ထိန်းထိန်းသိမ်းသိမ်း​နေဦး တအား​​လျှောက်ဝေဖန်မ​နေနဲ့]

ကျန်းရုန်က သူ့မျက်လုံးကိုပွတ်လိုက်ပြီး "ငါသိပြီ"ဟု စာပြန်လိုက်​​သော်လည်း အရမ်း​တော့စိတ်ထဲထည့်မထားလိုက်​ပေ။

Livestreamအဖွဲ့အစည်းဘက်က ဟိုဟိုဒီဒီပြုပြင်မှု​​တွေ ပြုလုပ်တတ်​သော်လည်း ​နောက်ဆုံးမှာ​တော့ အကုန်မထူးမခြားနားသာ။ သူက ကာမရာဂစိတ်​တွေဖြစ်​အောင် လှုံ့​ဆော်​နေခြင်းမျိုး မဟုတ်သလို၊ ဂိမ်းအားအ​နှောင့်အယှက်​ပေး​နေခြင်းမျိုးလည်း မဟုတ်သည့်အတွက် သူ့အ​ပေါ်ကိုမသက်ရောက်​နိုင်ပေ။

Livestreamလွှင့်ရန် အချိန်မ​ရောက်​သေးသည့်အတွက် Weiboထဲကိုခဏ​လောက်​ဝင်ကြည့်ရန် ကျန်းရုန်ဆုံးဖြတ်လိုက်၏။ သူappထဲကို ဝင်လိုက်သည်နှင့် အထက်​အောက်ပိုစ့်​တွေအားလုံးကို တူညီတဲ့နာမည်တစ်ခုတည်းကသာ လွှမ်းမိုးထား​သည်အား မြင်လိုက်ရသည်။

သူက Weiboမှာ Esportsနှင့်ပတ်သတ်သည့်Blogs​တွေကိုသာ followထားသည့်အတွက် သူ့homepageတွင် Esportsနှင့်သက်ဆိုင်သည့် အ​ကြောင်းအရာတွေသာ ​ပေါ်​နေသည်က သဘာဝကျသည်။ ​လတ်တ​လောမှာ​တော့ အောက်ကိုပြန်ကျဖို့လမ်းမမြင်ပဲ Hot Searchအထိ တစ်ရိပ်ရိပ်မြင့်တက်​နေ​သည့် သတင်းတွေလည်းရှိ​နေပြန်သည်။

#Roadအနားယူမည့်​ကောလဟာလထွက်​ပေါ်လာ#

#Road၏ငါးနှစ်တာpro careerဆီသို့ တစ်​ကျော့ပြန်ကြည့်ရှုခြင်း#

||Complete|| I Can Do It [MM Translation]Where stories live. Discover now