အပိုင်း(၃၀)

5.1K 726 46
                                    


[Unicode]

ခုရက်ပိုင်းဘာလို့ကိုယ့်ကိုအတူကစားဖို့မ​​​ခေါ်တော့တာလဲ?

လု​ပေါယွမ် ​ဆေးလိပ်​သောက်​သည့်အကြောင်း ကျန်းရုန်သိပြီးသားပင်ဖြစ်သည်။ အရင်တစ်ခါ ၀ရံတာမှာ "​ခိုးနား​ထောင်"သလိုဖြစ်ခဲ့တုန်းက လု​ပေါယွမ် ​ဆေးလိပ်ပြာခွက်ကိုင်ပြီး အထဲပြန်၀င်လာတာကို သူမြင်ခဲ့ဖူးသည်​လေ။

နှုတ်ခမ်းမှာစီးကရက်ခဲထားတဲ့ လု​ပေါယွမ်ရဲ့ပုံစံက သူ့ဆီကအမြဲလိုရ​နေကြဖြစ်တဲ့ နူးညံ့ညင်သာတဲ့အရှိန်အဝါ​တွေကို ​ပျောက်ကွယ်သွား​စေသည်။ သူက ရှန်ဟိုင်းရဲ့​ဆောင်းညချမ်းနဲ့ ​ပေါင်းစည်းသွားသလိုမျိုး တစ်မျိုးတစ်ဖုံ လိုက်ဖက်ညီ​နေခဲ့သည်။

"မင်းသူ့ကို​ခေါ်လိုက်တာလား"

ကျန်းရုန်သူတို့ဆီ​လျှောက်သွားသည့်အခါ XIUရဲ့အ​မေးစကားကိုကြားလိုက်ရ၏။

လု​ပေါယွမ်က ​ပေါ့​ပေါ့ပါးပါး "အင်း"ဟုဆိုလာကာ ​စီးကရက်ကို စားပွဲ​ပေါ်ရှိလက်သုတ်ပုဝါ​ပေါ်တွင် ချထားလိုက်သည်။ သူက သူ​ဘေးဘက်ကထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး ကျန်းရုန်ကိုထိုင်ဖို့ ညွှန်ပြလာသည်။

ကျန်းရုန်လည်း ဘာမှ​မေးမ​နေ​တော့ပဲ ဝင်ထိုင်လိုက်၏။

"ကျစ် မင်းကဖြုန်းတီး​နေတာပဲ" XIUက မီးမငြှိထားတဲ့​ဆေးလိပ်ကို ​နောင်တရစွာနဲ့ ကြည့်​နေသည်။

လု​ပေါယွမ် : "ငါမ​သောက်ဘူးလို့​ပြော​နေတာကို မင်းပဲအတင်း​ပေးသွားတာမလား"

"တစ်​ယောက်တည်း​သောက်ရတာ ဘာ​​ပျော်စရာ​ကောင်းလို့လဲ" XIUကကျန်းရုန်ကိုကြည့်လိုက်ပြီး ​​ဆေးလိပ်ဘူးကို သူ့ဆီ​ပေးလာသည်။ "Soft မင်း​သောက်......"

ကျန်းရုန် ​ဆေးလိပ်ဘူးကိုပြန်​ပေးလိုက်၏။ "မ​သောက်တတ်ဘူး"

XIU : "......."

ကျန်းရုန်ရဲ့Livestream​တွေကို XIUတစ်ခါမှမကြည့်ဖူး​ပေမယ့် သူ့အ​ကြောင်း​တွေကို​တော့ ကြားဖူး​လေသည်။

​ပြောကြတာ​တော့ ဒီ​ကောင်​လေးက စိတ်ကြီးဝင်တတ်တယ်၊ "ငါ"စွဲကြီးတယ်၊ ​လှောင်​ပြောင်သ​ရော်​နေတတ်သည်တဲ့။ ​ကောလဟာလ​တွေအရ သူ့ဆီကအပြစ်​ပြောမခံရပဲ လွတ်​မြောက်နိုင်သည့် pro playerအများကြီး မရှိဘူးဆိုပဲ။

||Complete|| I Can Do It [MM Translation]Where stories live. Discover now