အပိုင်း(၁၁၄)

2.3K 401 48
                                    

ယွမ်ချန်က နှာခေါင်းတရှုံ့ရှုံ့ဖြင့် သူ့အသင်းသားတွေ သူ့ကိုဖက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

သူ ဘယ်နှင့်ညာကို ကြည့်လိုက်တော့ ဘယ်ဘက်ကမှ လွှတ်ပေးရန် အစီအစဥ်ရှိပုံမရ။ သို့ဖြစ်ရာ ကူကယ်ရာမဲ့စွာ သူ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်၏။ သူ့ခေါင်းထဲသို့ ‘သူတို့ဖက်နေတာ နည်းနည်းကြာနေပြီမဟုတ်ဘူးလား’ ဆိုသည့် အတွေးဝင်လာသည့်အချိန် သူက စင်ပေါ်အပြေးတက်လာသည့် တင်းကောဆီမှ အဖက်ခံလိုက်ရသည်။

ပြိုင်ပွဲပြီးဆုံးချိန်၌ ကင်မရာတွေက အနိုင်ရသူတွေနှင့်ပဲ သက်ဆိုင်လေ့ရှိရာ ထိုမြင်ကွင်းတစ်ခုလုံးက ဘေးပတ်ပတ်လည်ရှိ ကင်မရာတွေဆီမှ ရိုက်ကူးခံလိုက်ရသည်။

“TTCအရမ်းတော်တယ်” ဟု အတော်ကြာအောင် ဝိုင်းမန့်နေကြသည့် Barrageမှာ ထိုမြင်ကွင်းကြောင့် ပုံစံပြောင်းသွားတော့သည်။

[Baronခိုးနေတဲ့ နတ်ဘုရားလုကိုကြည့်ရင်း ကိုယ်ဝန်ရသွားပြီ အားးးးး]

[Savior ငိုနေပြီ သနားစရာလေး ဝူးဝူးဝူး T-T PUD မငိုပါနဲ့ နောက်နှစ်ကျထပ်လာဦးမှာ! TTCကိုလည်း ဂုဏ်ပြုပါတယ်!!!]

[Softကတော့ တကယ်ကြီး ကိုရီးယားသွားပြီး Rishကို မြေမြှုပ်တော့မယ်…..]

[သူတို့တွေဖက်နေကြတာ တစ်မိနစ် စက္ကန့်၂၀ ကြာပြီ ဟေ မလုံလောက်သေးဘူးလား]

[ဘာတွေဖြစ်နေတာလဲ?? ရှောင်ပိုင်ရေ Pineကို သေအောင်ညှစ်ထားတော့မလို့လား?!]

[ချီးပဲ! Roadလက်က ငါ့သားဖင်ပေါ်မှာဟ!!!?]

[Softကြောင့် ငါ့ယောကျာ်းအင်္ကျီ ပြဲတော့မယ်……]

[ဖြူဖြူစင်စင် အဖေတစ်ယောက်ပါ။ ငါ့သားကျေးဇူးနဲ့ ပထမဆုံးအကြိမ် LoL Esportsဘက်ကို စိတ်ဝင်စားဖူးတာဆိုတော့ မေးကြည့်ချင်တာလေးရှိလို့။ အရင်တုန်းက အခြားအသင်းတွေ ဆုရကြရင်လည်း ဒီလိုမျိုးပဲ ဖက်ကြတာလား? ငါ့မိန်းမကိုတောင် အဲဒီလောက်ထိ တင်းနေအောင် မဖက်ဖူးဘူး]

[ဒီအသင်းထဲ တစ်ယောက်တည်းသော ရည်းစားရှိတဲ့ ဘဝရဲ့အောင်နိုင်သူက ချန်ကောမဟုတ်ဘူးလား? အခုတော့ ဟိုစင်ဂယ်ခွေးတွေထက်တောင် သူက ပိုသနားစရာကောင်းနေတယ် ဟားဟားဟားဟားဟား]

||Complete|| I Can Do It [MM Translation]Where stories live. Discover now