အပိုင်း(၁၂၁)

2.9K 375 7
                                    

အပိုင်း(၁၂၁)

TTCဆီက​နေ ကဏ္ဍ​ပေါင်းစုံကို သင်ယူသင့်တယ်!

ဒီတစ်​ခေါက်က ကျန်းရုန်အတွက် ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဥ် ဖြစ်သည်။ ရှန်ဟိုင်းက​နေ ဆိုးလ်မြို့အထိ ​လေယာဥ်စီးချိန်က ၂နာရီမျှသာဖြစ်ရာ ​လေယာဥ်​ပေါ်မှဆင်းချိန် အနားတစ်ဝိုက်ရှိလူ​တွေက သူနားမလည်သည့် ဘာသာစကား​ပြော​နေသံကို ကြား​တော့မှ တကယ်ကို သူများနိုင်ငံဆီ​ရောက်​နေမှန်း ခံစားမိ​တော့သည်။

ဒီတစ်​ခေါက်မှာ​တော့ ​ကျန်းရုန်က ​ကျောပိုးအိတ်တစ်လုံးနှင့် လက်ဆွဲခရီး​​ဆောင်အိတ်တစ်လုံးကို သယ်လာဖြစ်သည်။ ​ကျောပိုးအိတ်ကိုယူလာရသည့် ရည်ရွယ်ချက်က​တော့ သူနဲ့လု​ပေါ်ယွမ်၏ကီးဘုတ်​တွေကို ထည့်ရန်ပင်။ ခရီး​ဆောင်အိတ်ထဲ ​ရောထည့်မည်ဆိုပါက ပျက်ဆီးသွားမည်ကို ​ကြောက်ရ​ပေသည်။

​ကျောပိုးအိတ်ကိုလွယ်ရင်း ခရီး​ဆောင်အိတ်နှစ်ခုကို လက်ကတွန်း​နေသည့် သူ့ပုံစံက ခရီးသွားတစ်​ယောက်အတိုင်း။

ခဏ​ကြာပြီးနောက် သူ့ဇက်ပိုးက အနှိပ်ခံလိုက်ရသည်။ ​လေယာဥ်​ပေါ်တွင် အ​တော်ကြာ တစ်​ရေးအိပ်ခဲ့သည့် လု​ပေါ်ယွမ်၏အသံက အနည်းငယ် နက်ရှိုင်းနေလျက်။ "ကိုယ်သယ်လိုက်မယ်"

ကျန်းရုန်က ငြင်းလိုက်သည်။ "မလိုပါဘူး။ ​လေးမှမ​လေးတာ"

လု​ပေါ်ယွမ်က သူ့စကားကို နားမ​ထောင်​ပေ။ သူက ​ကျောပိုးအိတ်ကြိုးနားတစ်ဝိုက်မှာ လက်​ချောင်း​တွေကို ​ကွေးလိုက်ပြီး လက်တစ်ဖက်တည်းနှင့် ​ကျောပိုးအိတ်ကို ​ကောက်မလိုက်သည်။ "ချွတ်လိုက်"

ဒီပုံစံမျိုး အကြာကြီးကိုင်ထားပါက လက်နာသွားမည်ကို ကျန်းရုန်မှာ လန့်သွားလျက် ခဏ​လောက် တုံ့ဆိုင်းသွားပြီး​နောက် ​ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး လု​ပေါ်ယွမ်ကိုသာ ​လှမ်း​ပေးလိုက်ရသည်။

လုပ်ထုံးလုပ်စဥ်​တွေကို ​ကျော်ဖြတ်ပြီးသည့်​နောက် သူတို့အား လာကြိုသည့် ကိုယ်စားလှယ်ကို ​တွေ့လိုက်ရပြီး ထိုလူက တက်တက်ကြွကြွဖြင့် သူတို့ကို ဘတ်စ်ကားဆီ ​ခေါ်လာ​ပေးသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now