အပိုင်း(၉၀)

4.2K 727 87
                                    

(Unicode)

#Softရဲ့LiveStreamကRoadဆီမှဖမ်းဆီးခံရ#

လူတိုင်းလူတိုင်း၏စိတ်ကို ‘ဒါကြီးကိုတောင်ခွင့်ပြုထားတယ်လား’ ဆိုပြီး စိုးမိုးထားသည့် ယခုLivestreamသည်  အသင်းယူနီဖောင်းအပေါ်ထပ်အင်္ကျီကို ဖြစ်သလိုကိုင်ရင်း အခန်းထဲဝင်လာသည့်Roadမှ Softအားအဝေးသို့ခေါ်သွားခြင်းဖြင့် နိဂုံးချုပ်သွားသည်။

နေ့လယ်ခင်း၌ #ဘယ်​တော့မှSoftကကိုရီးယားဆာဗာမှာကစားမှာလဲ# ဆိုသည့် အကြောင်းအရာသည် #Softရဲ့LivestreamကRoadဆီမှဖမ်းဆီးခံရ# ဆိုသည်နှင့် အစားထိုးခံလိုက်ရပြီး သူ့နောက်မှာကပ်လျက်ပါလာသည်ကတော့ #တရုတ်Esportsနှင့်တစ်သားတည်းဖြစ်နေသည့်Savior# ဖြစ်သည်။

သိသိသာသာပင် ဖြတ်သွားဖြတ်လာတွေက ထိုhashtagတွေအား “မင်းတို့Esportsအသိုင်းအဝိုင်းကလည်း သောက်ရေးမပါတာတွေနဲ့ပြည့်နေတာပဲ ဒီလိုဟာလေးကတောင် hot searchပေါ်ရောက်တယ်လား” ဆိုသည့် စိတ်ခံယူချက်ဖြင့် ဝင်စပ်စုကြခြင်း ဖြစ်သည်။ ဗီဒီယိုတစ်ခုလုံးကို ကြည့်ပြီးချိန်မှာတော့ cmt boxထဲတွင် ဆံပင်အပြာနှင့်ဆရာလေး၏ Livestream Roomကို တောင်းကုန်ကြ​တော့သည်။

ဒီလောကထဲတွင် ခြောက်နှစ်နီးပါးသက်တမ်းရှိနေပြီဖြစ်သည့် တင်းကောမှာ ဒီလောက်လွန်လွန်ကဲကဲဖြစ်ရပ်မျိုးကို တစ်ခါမှ မကြုံဖူးပါချေ။

ညလယ်စာစားနေစဥ် တင်းကောက ဝရံတာမှာရပ်နေရင်း ခါးကိုထောက် ဖုန်းကိုကိုင်လျက် PUD၏မန်နေဂျာနှင့် စိတ်ဆိုးမာန်ဆိုး ဘိုင်ဝမ်းချနေသည်။ သူ့အသံကျယ်လွန်းသည်မှာ ဘေးချင်းကပ်မှ ဒုတိယအသင်းပင် ကြားနိုင်လောက်သည်အထိ။

“ဘာပြောလိုက်တယ် ငါ့Mid Lanerက မင်းရဲ့Mid Lanerကို ပျက်စီးစေတယ်ပေါ့? ဟုတ်တယ် Softဘက်က အရင်စတဲ့ကိစ္စဆိုပေမယ့် မင်းတို့Saviorက သုံးနှစ်ကလေးလေးလား? သူ့မှာလည်း သူ့အတွေးသူ့အမြင်ဆိုတာရှိတယ် သူလုပ်ချင်လို့လုပ်တဲ့ကိစ္စကွာ နားလည်လား!

“ငါကတစ်ဖက်စောင်းနင်းပြောနေတာလား? ငါကတော့ အပြစ်ကို မင်းကငါတို့ဆီ အသားကုန်တွန်းပို့နေတယ်လို့ပဲ ထင်တယ်ကွ! ဒီလောက်ကြီးတဲ့အသင်းက ကိုယ့်အသင်းသားကိုတောင် ကာကွယ်မပေးနိုင်တာ။ Ventbarပေါ်မှာ Saviorဘယ်လိုအဆဲခံနေရတယ်ဆိုတာပဲ သွားကြည့်လိုက်ဦး! မန်နေဂျာဆိုပြီး ဘာတွေလုပ်နေတာလဲ? တကယ်လို့ Softသာ သူ့ဒေါသတွေကို ကူမလျှော့ပေးရင် Saviorစိတ်ကျရောဂါပါရတော့မှာ ငါလောင်းရဲတယ်!

||Complete|| I Can Do It [MM Translation]Where stories live. Discover now