အပိုင်း(၁၃၂)

Start from the beginning
                                    

တာဝါ​အောက်တွင် ကျန်းရုန်က တတ်နိုင်သမျှ Damage​ပေး​နေသည်။ ပြီး​နောက် သူက Master၏Ultကို ​​ရှောင်တိမ်းလိုက်ရာ ထိုလွဲ​ချော်သွားသည့်Ult​ကြောင့် လု​ပေါ်ယွမ်က Master​၏​နောက်က​နေ ​ပြောင်ပင် ဝန်းရံလာနိုင်​တော့သည်။

လု​ပေါ်ယွမ်က ​ရှေ့ကိုခုန်ကူးသွားလျက် Ultနှင့်ဆက်မပစ်​သေးခင် ကျည်​တောင့်ကိုမီးငြှိလိုက်ပြီး ​ဖောက်ခွဲ​ရေးဒိုင်းကာဖြင့် တာဝါဆီမှတိုက်ခိုက်မှု​တွေကို ကာကွယ်လိုက်ကာ Masterအား နိဂုံးချုပ်လိုက်သည်။

Gankရန်လာ​နေသည့် HT Junglerက အ​​ရောက်​နောက်ကျသွားပြီး အခု​လေးတင် သူ့အသင်း၏Midကို သတ်ပြီးလာသည့် Gravesနှင့် Jungleထဲတွင် သွားတိုးလေသည်။

HT Junglerက သူ့ပြိုင်ဘက်၏Lvlကိုကြည့်လိုက်ကာ သူ့ကိုယ်ပိုင်Lvlကို ပြန်ကြည့်ပြီး​နောက်...အဆုံးမှာ​တော့ ကူကယ်ရာမဲ့စွာ သူ့Eကိုထုတ်သုံးလိုက်ပြီး ဆန့်ကျင်ဘက်အရပ်ဆီ ​ပြေးသွား​တော့သည်။

သူ့ထွက်​ပြေးသွားပုံ​ကြောင့် ပြိုင်ပွဲကို ကိုယ်တိုင်လာကြသည့် ပရိသတ်​တွေဆီမှ သ​ရော်သံ​တွေ ထွက်​​ပေါ်လာသည်။

အခုအချိန်၌ အ​ခြေအ​နေက အားလုံး၏​​မျှော်မှန်းချက်ကို ​ကျော်လွန်​နေ​ချေပြီ။

အမှန်အတိုင်း​ပြောရလျှင် ပြီးခဲ့သည့်အုပ်စုအဆင့်ပွဲစဥ်​တွေကို ကြုံ​တွေ့ပြီး​နောက် LCKပရိသတ်​တွေက ဗိုလ်လုပွဲတွင်ရှုံးသွားဖို့ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးကြ​သည်။ ဒီနှစ်ထဲ TTCရဲ့အရှိန်အဟုန်က ရပ်တန့်နိုင်စွမ်းမရှိ​တော့တာ အမှန်တရားပဲ​မလား။ သို့​ပေသိ 2:0ရမှတ်ကြီးနဲ့ ပစ်​ပေါက်ခံရတာက တစ်မျိုး​လေ ပြီး​တော့ အခုကတတိယ​မြောက်ပွဲ! အဆုံးမှာ သူတို့နိုင်မလား ရှုံးမလား ဆုံးဖြတ်​ပေးမယ့်ပွဲ!

အကျိုးအ​ကြောင်းအရဆို တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်​နေသင့်တာမလား? ဒါ​ပေမယ့် ဘယ်လိုဖြစ်လို့ HTရဲ့​ကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ Masterက ပွဲစစချင်းမှာပဲ Solo Killခံလိုက်ရတာလဲ? မိနစ်၂၀​တောင်မရှိ​သေးဘဲ ဘာကိစ္စ TTCရဲ့ Mid Lanerနဲ့Jungler​နောက်မှာ lvlတစ်ဝက်ခွဲ​လောက် ​နောက်​ကောက်ကျကျန်ခဲ့တာလဲ? ပြီး​တော့ ​သောက်ကျိုးနည်း ဘယ်လိုဖြစ်လို့ အခု​လေးတင် မင်းရဲ့အသင်းသားကို Tower diveထားတဲ့သူကို Jungleထဲမှာ မြင်လိုက်ရတာနဲ့ တန်း​နေ​အောင် ​ပြေးသွားရတာလဲ?!

||Complete|| I Can Do It [MM Translation]Where stories live. Discover now