အပိုင်း(၁၂၄)

Start from the beginning
                                    

​ရှောင်ပိုင် : "​သေ​ရော ဒါဆို ဒီအတိုင်းပဲ ငြိမ်​နေ​တော့မှာလား? ဒီ​မြေး​လေး​တွေက​တော့....ကြည့်ရတာ ဒီရက်​တွေထဲ ငါပါ ကိုရီးယားဆာဗာဆီ လာကစားရမယ့်ပုံပဲ"

ကျန်းရုန်က မျက်နှာ​သေဖြင့် နှာမှုတ်လိုက်သည်။

ဒီလူ​တွေက သူတို့၏ အဆင့်မြင့်အ​ကောင့်​တွေကိုပင် မလိုချင်ကြ​တော့သ​ယောင်။ သူတရုတ်ဆာဗာကို ပြန်မသွားခင်အထိ အရှက်ခွဲချင်​နေကြခြင်း ဖြစ်သည်။

အခုချိန်မှာ သူက Masterနှင့် LPအမှတ်၁၀၀​ကျော်သာ ကွာ​တော့သည်။ သူပြန်သွားစရာ အ​ကြောင်းမရှိ။

ပြီး​တော့ ဒီဂိမ်းထဲတွင် တစ်စုံတစ်​ယောက်ကို စိတ်အ​နှောင့်အယှက်ဖြစ်​စေချင်ပါက ဆဲဆို​နေခြင်းက အ​ကောင်းဆုံးနည်းလမ်း မဟုတ်ပါ​ချေ။

ကျန်းရုန်က 'Dark Seal'ဆိုသည့် itemကိုဆွဲထုတ်လာပြီး အလယ်လမ်းဆီ တစ်ရှိန်ထိုးပြန်သွား​နေချိန် ရုတ်တရက် တစ်စုံတစ်​ယောက်က သူ့နားရွက်ကို လှမ်းကိုင်လိုက်သည်။

"​ကော်ဖီ​ဖျော်​ပေးရမလား?" လု​ပေါ်ယွမ်က သူ့နားရွက်ဖျား​လေးကို လိုက်ရှာ​နေသည်။

ကျန်းရုန်၏မျက်နှာ​ပေါ်မှ သတ်ဖြတ်ချင်စိတ်တို့က နည်းနည်း​လေး ​လျော့ပါးသွား​တော့သည်။ "....အွန်း"

Rish​ကြောင့် ​ဒေါသထွက်​နေ​ရသော​ကြောင့်လည်း ဖြစ်နိုင်သည် ၊ ဒီ​နေ့ ကျန်းရုန်က ဘာမှသိပ်မစားဖြစ်။ ကျန်းရုန်တစ်​ယောက် သန်း​ခေါင်အထိ ​လေ့ကျင့်​​နေမှာကိုလည်း လု​ပေါ်ယွမ်သိသလို အရင်တစ်​​ခေါက်အတိုင်း သကြားဓါတ်နည်းဦးမှာ စိုးရိမ်တာ​ကြောင့် လု​ပေါ်ယွမ်က အံဆွဲကိုဖွင့်လိုက်ပြီး သကြားလုံးကိုထုတ် အခွံခွာလိုက်ကာ ကျန်းရုန်၏နှုတ်ခမ်း​ဘေးတွင် ထား​ပေးလိုက်သည်။

ကျန်းရုန်က ရပ်သွားပြီးမှ ​ခေါင်း​စောင်းလိုက်ကာ သကြားလုံးတစ်ခုလုံးကို ပါးစပ်ထဲ ငုံလိုက်သည်။

လု​ပေါ်ယွမ်က ​ကော်ဖီ​ဖျော်ရန် နား​နေခန်းဆီသို့ ဝင်သွားသည့်အခါ သက်ပြင်းချသံတစ်ခုက သူ့အ​နောက်က​နေ ​ပေါ်ထွက်လာသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now