အပိုင်း(၁၀၄)

Mulai dari awal
                                    

တကယ်ကတော့ ကျန်းရုန်သည်လည်း ရန်ခုန်သံတွေ အရမ်းမြန်နေ၏။ ဂိမ်းကစားခြင်း၏ ရည်ရွယ်ချက်ကလည်း ဒီလိုစိတ်လှုပ်ရှားမှုအတွက်သာ။

ထို1v5ပွဲ၌ Fighting Tigerဘက်က သူ့ကို အမိအရသတ်ချင်နေသည့်အတွက် ဟာကွက်တွေများသွားသည့်အပြင် ဒီနေ့အတွက် သူ့အခြေအနေက အရမ်းကောင်းနေသည်နှင့် သွားတိုးခြင်းပင်။

“Team Fightဖြစ်အောင် ဖိအားပေးလိုက်” ကျန်းရုန်ကပြောလာသည်။ “ဒီတစ်ခေါက် ငါ့ကိုမယှဥ်နိုင်တော့ဘူး”

ကျန်းရုန် Penta Killကိုရလိုက်သည့်ခဏ Streamerအများစု၏ တိုက်ရိုက်ထုတ်လွှင့်မှုများ ၊ ပြိုင်ပွဲကိုပြသနေသည့် စျေးဝယ်စင်တာတွေနှင့် ဂိမ်းနှင့်သက်ဆိုင်ရာဆာဗာတွေမှာ အော်ဟစ်သံတွေနှင့် လွှမ်းမိုးကုန်သည်။

စင်နောက်ရှိ နားနေခန်းသည်လည်း အပါအဝင်။

“ဘုရား! သူဘယ်လိုများကစားသွားလဲ? လူငယ်တွေရဲ့ တုံ့ပြန်မှုနှုန်းဆိုတာ ဒါကိုပြောတာလား….” အစောပိုင်းက အသားကုန်အော်ထားသည့် လက်ထောက်နည်းပြ၏အသံမှာ ရှင်းလင်းတင်ဆက်သူတို့၏ အက်ကွဲကုန်သည့်အသံတွေနှင့် မထူးမခြားနား။ “အဲဒီတစ်ကွက်နဲ့တင် သူ့ကို နတ်ဘုရားခေါင်းစဥ်ပေးဖို့ လုံလောက်နေပြီ ဟုတ်တယ်မလား??”

တင်းကောက အသက်ကိုဝအောင်ရှုလိုက်ပြီးမှ ပြုံးကာ ပြောလာသည်။

“’ဟုတ်တယ်မလား’ဆိုပြီး မေးနေစရာတောင်မလိုဘူး”

လက်ထောက်နည်းပြခမျာ နားနေခန်းထဲ အတော်ကြာကြာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီးတော့မှ စိတ်အေးသွားရှာသည်။ ပြီးနောက် ရုတ်တရက် အတွေးတစ်ခုက ဝင်လာ၏။

“ကော ကျွန်တော်တို့သူနဲ့ တစ်ရာသီစာပဲ စာချုပ်ချုပ်ထားတာမလား?”

တင်းကောက “အင်း”ဟု အသံပြုလာသည်။

“…..သူ့တန်ကြေးကထိုးတက်သွားတော့မှာနော်” လက်ထောက်နည်းပြက တစ်သျူးတစ်စကို ဆွဲထုတ်လိုက်ပြီး သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်သည်။ “အခြားအသင်းတွေ သူ့ကိုလုချင်ကြမှာ ကျွန်တော်ပြောရဲတယ်။ ဒီလိုဆို ကျွန်တော်တို့တွေ သူနဲ့ စာချုပ်ပြန်ချုပ်ဖို့ မြန်မြန်စီစဥ်ထားတာ ပိုမကောင်းဘူးလား…”

||Complete|| I Can Do It [MM Translation]Tempat cerita menjadi hidup. Temukan sekarang