"ငါကူညီနိုင်တာတွေရှိလောက်မှာပါ။ ငါလုပ်နေရတဲ့အလုပ်တွေပဲကို။ ငါတို့ဌာနမှာတောင်ဒီရက်ပိုင်းလုပ်စရာပါးနေပြီ။ အကုန်မင်းလုပ်နေရတာမဟုတ်ဘူးလား။ ငါ့ကိုနည်းနည်းခွဲပေး"

"မရဘူး"

အပြုံးတစ်ခုနဲ့ငြင်းရင်း လည်ပင်းကမတပ်ရသေးတဲ့ကြယ်သီးတွေတပ်ပေးလာတယ်။

"ဒီကိစ္စကမင်းဝင်ပါလို့မဖြစ်ဘူး"

"အဲ့ဒါကြောင့်ဘာကိစ္စလဲလို့"

"နားလို့ရတုန်းနားနားနေနေ နေ"

အလုပ်သွားတော့လို့နှင်ထုတ်နေသလိုမျိုး နဖူးကိုရွတ်ခနဲနမ်းလာတယ်။ သူလုပ်နေကျအပြုအမူဆိုပေမဲ့ ဒီနေ့တော့သိပ်ကျေနပ်ချင်တာမဟုတ်ဘူး။

"အလုပ်နဲ့ကိုယ်ရေးကိုယ်တာရောရတာတော့တကယ်မကြိုက်ပေမဲ့ အခုကိုယ်ရေးကိုယ်တာက အလုပ်အထိပါရောက်လာပြီမို့လို့ ပြောမှဖြစ်မယ်ထင်လို့ပါ"

စားပွဲပေါ်ကိုလက်ထောက်ပြီးသူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်နေတဲ့ ကျွန်တော့်ကို "ဒီကောင်လေးဘာတွေလာရှုပ်ပြန်ပြီလဲ"ဆိုတဲ့အကြည့်နဲ့ စစ်နေအဖေကပြန်ကြည့်လာတယ်။

"မိဘဆိုတာနဲ့သားသမီးကိုအဲ့လိုနှိပ်စက်လို့ရလား"

"မိဘမို့လို့ နှိပ်စက်လို့ရတာပေါ့။ မင်းလည်းနှိပ်စက်ချင်ရင် သားတစ်​​ယောက်လောက်မွေးလိုက်လေ"

"ဘာဗျ"

"မွေးဖြင့်မမွေးနိုင်ဘဲ"

တကယ်ကတော့ စစ်နေပုံစံနဲ့ဆို ကျွန်တော်သာ သားအိမ်ပါရင် အခုအချိန်ကလေးဆယ်ယောက်လောက်ရနေလောက်ပြီ။ အင်းလေ...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကပဲဆွဲဆောင်တဲ့သူဆိုပေမဲ့။

"ခင်ဗျားကိုယ်တိုင်က ယောကျာ်းယူထားပြီးတော့ တခြားအတွဲကိုဒီလိုလာပြောလို့ဘယ်ရမလဲ"

"အဲ့ဒါကြောင့် ကလေးအဖေတစ်ယောက်ရဲ့ခံစားချက်ကိုနားမလည်ဘဲ ငါ့ကိုဟိုဟိုဒီဒီတွေလာမပြောနဲ့လို့"

"ကလေးအဖေတစ်ယောက်ရဲ့ခံစားချက်က သူ့ဟာသူတောင်အလုပ်နဲ့လက်မလည်တဲ့သားကို မဆိုင်တဲ့ အလုပ်တွေနဲ့ထပ်ဖိတာလား"

Ctrl+Z(Completed)Where stories live. Discover now