Chapter 58

226 27 12
                                    

"ကျွန်တော့်ကို အလုပ်လက်ခံပေးပါ"

ရုံးခန်းထဲကို ဟောဟောဒိုင်းဒိုင်းဝင်ချလာပြီး လျှောက်လွှာဖိုင်ကြီး ဘိုင်းဆိုပစ်ချပေးလာကာ အလုပ်ခန့်ပေးဖို့အရေး သူလုပ်စာစားနေရတဲ့ပုံနဲ့ တောင်းဆိုလာတဲ့ အလုပ်သမားကို ပထမဆုံးမြင်ဖူးတာမို့လို့ တံ့ဘုန်းသစ်က မျက်မှောင်ကုတ်ပြီးမော့ကြည့်လာတယ်။ ဒီကောင်လေး ရှေ့က အတားအဆီးတွေကို ဘယ်လိုဖြတ်ပြီးဝင်လာတာလဲဆိုတာကို စဉ်းစားရကြပ်သွားတဲ့ပုံနဲ့။

"ငါမင်းကို အလုပ်ခန့်ပေးမယ်ပြောတာ လွန်ခဲ့တဲ့ နှစ်လကထင်တယ်"

"တခြားလူဝင်သွားပြီလား"

"မဟုတ်ဘူး ငါပြောချင်တာက...."

"ကျွန်တော်က ခင်ဗျားသမက် မဖြစ်တော့ဘူးဆိုတော့ မခန့်ချင်တော့လို့လား"

စစ်နေအဖေက ပါးစပ်ဟောင်းလောင်းနဲ့ ကျွန်တော့်စကားကို ခဏစဉ်းစားသွားပြီးမှ ခေါင်းတစ်ချက်ယမ်းတယ်။

"အဲ့လိုမပက်သက်တော့တာ အလုပ်အတွက် ပိုတောင် ကောင်းသေးတယ်"

"ဒါဆို မခန့်ပေးချင်စရာဘာရှိသေးလို့လဲ"

"ငါ့ဆီမှာ မလုပ်ချင်ဘူးပြောပြီး ထွက်သွားတာ မင်းပဲလေ။ အခုမှလာပြီး အလုပ်ရှင်ကို အမိန့်လာပေးလို့ရမယ်ထင်နေလား"

"အိပ်မက်ဆိုးတွေမက်လို့"

ကျွန်တော် စစ်နေအဖေရဲ့စားပွဲပေါ်မှာ ဒုန်းဆိုလက်ထောက်ချလိုက်ပြီး အံကြိတ်သံနဲ့ပြောလိုက်မိတယ်။

"အိပ်မက်ဆိုးတွေမက်ပြီး တခြားလုပ်စရာမရှိလို့ တစ်ခုခုကို အာရုံစိုက်ဖို့လိုလို့ ပြောနေတာ"

"မင်းအိပ်မက်ဆိုးမက်တာမင်းကိစ္စလေ"

"ဟုတ်တယ်။ ကျွန်တော့်ကိစ္စ။ ဒါပေမဲ့ ကျွန်တော်အခုအလုပ်တစ်ခုခုလုပ်မှဖြစ်မယ်ဆိုတဲ့အချက်ကို ထည့်စဉ်းစားပေးလို့မရဘူးလား"

စစ်နေ အဖေဆီက "ဘယ်လို အလိုက်ကမ်းဆိုးနားမလည်တဲ့ဟာလေးလဲမသိဘူး"ဆိုတဲ့အကြည့်တစ်ခုရောက်လာတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က သူ့ရဲ့ သိလှတတ်လှပါပြီဆိုတဲ့ သားကြီးနဲ့တော့ ကွာနေမှာပေါ့။

Ctrl+Z(Completed)Where stories live. Discover now