Chapter 6

500 45 52
                                    

လက်ရှိ....

"အရူးကောင်..."

ပြန်တွေ့တွေ့ချင်းမှာ ဒီလို နာမ်စားတပ်ဖို့တွေးမထားတာတော့အမှန်ပါ။ ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာ အချိန်ကာလတွေခြားခဲ့ပြီ။ နှစ်နှစ်... ဒီနှစ်နှစ်ဆိုတဲ့အချိန်က သူ့အတွက် ဒီနေ့နဲ့ မနက်ဖြန် ထူးမခြားနားတဲ့နေ့တွေဖြစ်ခဲ့သလားမသိနိုင်ပေမဲ့ ကျွန်တော်ကတော့ လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်တော်မဟုတ်တော့ဘူး...တစ်ချို့အစိတ်အပိုင်းတွေမှာပေါ့။

"မတွေ့တာကြာပြီ သော်ညံ"

ရုတ်တရတ်ပြန်ကြားရတဲ့ နာမည်ခေါ်သံမို့ နည်းနည်း နေရခက်သွားတယ်။ သူကအခု ကျွန်တော့်ဘယ်ဘက်ခြမ်းမှာ ရှိနေတာမဟုတ်ဘဲနဲ့ အရှေ့တည့်တည့်မှာ ရပ်နေတာမို့လို့ အရှေ့ဘက်ကြီး အေးစက်နေမယ်လို့ ထင်မိပေမဲ့ တိုက်နေတဲ့လေထဲမှာ မိုးငွေ့ပါနေလို့လားမသိဘူး။ တစ်ကိုယ်လုံးချမ်းစိမ့်စိမ့်ဖြစ်နေတယ်။

"မင်းဘာလို့ ဒီကိုရောက်နေတာလဲ"

တကယ်က မေးခွန်းတွေ ခေါင်းထဲမှာ အပြည့်ဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်ကစမေးရမှန်းမသိဘူး။ မေးရောမေးသင့်လားလည်းမသိဘူး။ အခုကျွန်တော့်ရှေ့မှာ ရပ်နေတဲ့ စစ်နေရည်က လွန်ခဲ့တဲ့နှစ်နှစ်...ကိုးတန်းကျောင်းသားအရွယ်က ကျွန်တော့်ရှေ့ဆို ဂုတ်ကလေးပုပြီး ကျွန်တော်နှိပ်စက်သမျှခံတဲ့ စစ်နေရည်ဆိုတဲ့သူ ဟုတ်သေးရဲ့လား မသိတော့ဘူး။ အမြင်အရတော့ မျက်စိထဲ အရင်ဆုံး ဝင်လာတာ တစ်ခုပဲ။ သူ့အရပ်က ကျွန်တော့်ကို ကျော်တက်နေပြီ။ အဲ့ဒါကြောင့် စိတ်ထဲ အောင့်သက်သက်ဖြစ်သွားတာလည်းပါမယ်။ ဘာစကားဆက်ပြောရမလဲဆိုတာကို ဦးနှောက်က အလုပ်မလုပ်နိုင်ဖြစ်နေတယ်။

"ငါ ဒီဆိုင်ကိုလာတာ။ မင်းကို တွေ့လိုက်တာနဲ့"

သူက သူကျောနဲ့ကပ်နေတဲ့ ဆိုင်နံရံကို လက်နောက်ပြန်လက်ညှိုးထိုးပြရင်း ခပ်သွက်သွက်ဖြေတယ်။ ပန်းကန်ချခွဲမိတာကို ဝန်ခံတဲ့ ကလေးလေးတစ်ယောက်လို ကျွန်တော့်ရှေ့ခေါင်းငုံ့ပြီး ပြောလာတဲ့အခါမှ ဒီစစ်နေက အရင်က စစ်နေ တစ်စိတ်တစ်ပိုင်းတော့ ပါဝင်နေသေးတယ်ဆိုတာကို ကျွန်တော် လက်ခံမိသွားတာ။

Ctrl+Z(Completed)Wo Geschichten leben. Entdecke jetzt