Chapter 49

279 26 6
                                    

ဟိုးရှေးရှေးတုန်းက အဘိုးကြီးတစ်ယောက်က ကလေးနှစ်ယောက်ကိုပြောတယ်တဲ့။ ဟိုးမှာ လမင်းကြီးသာနေတယ်။ အဲ့ဒီလမင်းကြီးဆီမှာ ထမင်းဆီစမ်း ရွှေလင်ပန်းတဲ့ တောင်းလို့ရတယ်"တဲ့။ ဆိုတော့ ပထမကလေးကတောင်းတယ်။ "ရွှေလင်ပန်းနဲ့မဟုတ်ရင်နေပါစေ။ ထမင်းဆုပ်လေး သုံးဆုပ်ဖြစ်ရင်ရပါပြီ။ တစ်ဆုပ်က သူ့အတွက်၊ နောက်နှစ်ဆုပ်က သူ့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ မိဘနှစ်ပါးအတွက်ပါ"တဲ့။ နောက်ကလေးတစ်ယောက်က အဲ့ဒီပထမကလေးကိုကြည့်ရင်းပြောတယ်။ "သူ့မှာတော့ အတူတူဝေစားရမယ့်သူမရှိတာမို့လို့ သူရလာမယ့်ရွှေလင်ပန်းနဲ့ထမင်းဆီစမ်းကို ပထမကလေးကို အကုန်အပိုင် ပေးပြီး အဲ့ဒီကလေးရဲ့ နှလုံးသားကိုသာ သူ့ကိုပေးပါ"တဲ့။

လမင်းကြီးကတော့ပြောတယ်။ "သူ့နှလုံးသားကို မင်းရလိုက်တယ်ဆိုရင် မင်းရဲ့ပိုင်ဆိုင်သမျှက သူ့ရဲ့ပိုင်ဆိုင်သမျှဖြစ်သွားပြီး သူ့ရဲ့ပျော်ရွှင်မှုဟာ မင်းရဲ့ပျော်ရွှင်မှုဖြစ်လာပြီး မင်းရဲ့ဒဏ်ရာတွေကတော့ သူ့ရဲ့ပေးဆပ်မှုတွေဖြစ်လာလိမ့်မယ်"တဲ့။ အဲ့ဒီနောက် ဒုတိယကလေးလေးက ပထမကလေးလေးကို သူ့ရဲ့ရွှေလင်ပန်းနဲ့ထမင်းဆီစမ်းကို ပေးခဲ့တယ်တဲ့လေ။

"မင်းဘယ်ကတည်းက သိနေတာလဲ"

"ဆယ်တန်းဖြေနေတုန်း သူ့အမေဆုံးသွားလို့ သူနဲ့သွားတွေ့တဲ့ညကတည်းက"

အဲ့ဒီညက သော်ညံ့ကို တွေ့ခွင့်မရခဲ့ဘူး။ အဲ့ဒီတုန်းကတော့ ကျွန်တော့်မျက်နှာကိုမြင်ရရင် သော်ညံသေချာပေါက် ပိုပင်ပန်းရမှာမို့လို့ မတွေ့ရတာက ပိုကောင်းသွားတာလားတောင် မပြောတတ်ပေမဲ့ပေါ့။ အိမ်အပြင်မှာ ရပ်နေရင်း အက်ကွဲနေတဲ့သော်ညံ့အသံကို နားထောင်နေမိခဲ့တယ်။ သော်ညံ့ငိုသံကို ဒုတိယအကြိမ်အဖြစ် ကြားရတယ်။ အော်ဟစ်ပြီး မာကြောနေပေမဲ့ အတွင်းထဲမှာ အက်ကွဲနေတဲ့သူ့စကားတွေ။ ထွေးငယ်ငြိမ်းပြန်ထွက်သွားတဲ့အချိန်မှာ ခဏကိုယ်ယောင်ဖျောက်နေလိုက်ပြီး အိမ်ရှေ့မှာ ခပ်တွေတွေရပ်နေမိတုန်း အန်တီချို့ကို ပြန်တွေ့ခဲ့တာ။

သူမကတော့ သူ့ရှေ့မှာ ရပ်နေတဲ့ ဒီကောင်လေးက သူမအရင်က အိမ်တွင်းအကြမ်းဖက်ခဲ့တဲ့သူဆိုတာကို သူမမှတ်ဉာဏ်ထဲက လုံးဝထုတ်ပစ်လိုက်ပြီဆိုပေမဲ့ပေါ့။

Ctrl+Z(Completed)Where stories live. Discover now