Chapter 11

341 37 36
                                    

ဆိုက်ကိုပက်တွေ၊ ကွင်းဆက်လူသတ်သမားတွေမှာ တူညီတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့ကိုယ်သူတို့ ဂုဏ်ယူခြင်းပါပဲ။ သူတို့မှာ သူတို့ကိုယ်သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိတယ်။ အဲ့ဒီစံနှုန်းတွေကို သူတို့ဘယ်တော့မှ မချိုးဖျက်ဘူး။ ဥပမာ ပြည်သူလူထုကို သူမနက်ငါးနာရီမှာ လူသတ်မယ်လို့ ထုတ်ပြန်ထားရင် ငါးနာရီအတိမှာပဲသတ်ပြီး ကျန်တဲ့အချိန်တွေမှာ အဲ့ဒီစည်းကမ်းကို လုံးဝ မချိုးဖောက်ဘူး။ သတ်ပြီးတဲ့နောက်ပိုင်းမှာလည်း "ငါလုပ်လိုက်တာလေ၊ ငါသတ်လိုက်တာလေ၊ ငါတော်တယ်မလား" ဆိုပြီး ကြွားဝါချင်တဲ့စိတ်ရှိကြတယ်။ ဒါပေမဲ့ အဲ့ဒီကြွားဝါချင်တဲ့စိတ်က စည်းကမ်းရှိပြီး ဉာဏ်ကောင်းတဲ့ ဆိုက်ကိုပက်တွေ၊ ကွင်းဆက်လူသတ်သမားတွေတင် မဟုတ်ဘဲ တစ်ချို့ အောက်ခြေလွတ်နေတဲ့ လူဆိုးတွေမှာလည်း ရှိကြတယ်ဆိုတာပါပဲ။ အဲ့လိုကြွားဝါဖို့အတွက်လည်း သူတို့ပြစ်မှုကျူးလွန်ထားတာကို လူတွေသတိမထားမိမချင်း တရစပ်ဖော်ထုတ်ချင်ကြတယ်။

အနိုင်ရပြီလို့ သူတို့စိတ်ထဲမှာ မခံယူမချင်း ဖော်ထုတ်ချင်ကြတာ။

ကျောင်းဆင်းချိန် ကျောင်းသားကျောင်းသူတွေ အခန်းထဲက အလျှိုလျှိုထွက်သွားနေကြတဲ့အချိန်မှာ "ဝုန်း"ဆိုတဲ့အသံနဲ့အတူ ကျောင်းသားတွေအားလုံးတစ်ချက်တိတ်သွားတယ်။ အသံလာရာကို အားလုံးလှမ်းကြည့်ကြတော့ စစ်နေ။ လွယ်အိတ်ဖင်ပွင့်ပြီး စာအုပ်တွေထွက်ကျကုန်တာ။ တခြားလူသာ လွယ်အိတ်ကွဲသွားတာဆို အံ့သြတကြီးနဲ့ စာအုပ်တွေဝိုင်းကောက်ပေး ကူပေးကြဦမယ်။ စစ်နေကျတော့ ရိုးနေပြီမို့လို့ အားလုံးက "သြော်"ဆိုပြီး ကျောင်းခန်းထဲက မြန်မြန်ပြန်ရဖို့ပဲ ဆိုင်းပြင်ကုန်ကြတာ။ ကျွန်တော်က တစ်ခါတစ်လေပျင်းလာရင် သူ့လွယ်အိတ်ဖင်ကို ဓားနဲ့ခွဲထားနေကျမလား။

"မင်းကတော့လုပ်ပြန်ပြီ"

ရှေ့ခုံက တည်မြဲက နံရံကို မှီရင်း အပြုံးတစ်ခုနဲ့ လှမ်းပြောလာတယ်။ ကျွန်တော်မျက်လုံးပြူးသွားတယ်။

"ငါမဟုတ်ဘူး"

"အေးပေါ အေးပါ။ မင်းမပြောလည်း ငါက မသိချင်ယောင်ဆောင်ပေးပါတယ်"

Ctrl+Z(Completed)Where stories live. Discover now