Chapter 48

298 29 30
                                    

"မင်းကသော်ညံလား"

"ဟုတ်ကဲ့"

ညစာအတူတူစားရင်းပြောကြတာပေါ့ဆိုတဲ့ ကိုကို့စကားကြောင့် အခု ကျွန်တော့်အိမ်ထဲမှာ ကျွန်တော့်မိဘတွေနဲ့ မျက်နှာချင်းဆိုင်နေရတာဆိုပေမဲ့ သော်ညံ့ကြည့်ရတာ ခပ်အေးအေးဖြစ်နေတဲ့ပုံပဲ။ ဆိုင်ထဲဝင်လာလာချင်းတုန်းက ဖြစ်နေတဲ့ အခြေအနေကို နားမလည်တာမို့လို့ တစ်ချက်လန့်သွားတာကလွဲလို့၊ ကားထဲမှာ တိတ်ဆိတ်ပြီးပါလာတာကလွဲလို့၊ အခုဘယ်လိုမှနေတဲ့ပုံမပေါက်တော့ဘူး။ ကျန်တာကို ကြည့်လိုက်မယ်ဆိုရင်လည်း သူဝတ်ထားစားထားတဲ့ပုံနဲ့ မျက်နှာနုနုကလွဲရင် အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသား လူကြီးလေးတစ်ယောက်လိုပဲ။ တစ်စက်မှ ကြောက်နေတဲ့ပုံ မပေါက်ဘူး။

ဒါပေမဲ့....ကျွန်တော်သိပါတယ်။ ဒါတွေက ဟန်ဆောင်နေတာပဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြီး စိတ်ကိုတင်းထားပြီး ဘာမှမဖြစ်တဲ့ဟန် ဖမ်းနေရတာလဲ။ ဖေဖေ့ကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်တယ်ဆိုတဲ့အကြည့်နဲ့ ခပ်တည်တည်ပြန်ကြည့်နေပေမဲ့ ပေါင်ပေါ်မှာ လက်သီးဆုပ်လျက်တင်ထားရင်း ခပ်တင်းတင်းဆုပ်ထားတဲ့ လက်တွေကိုလည်း ကျွန်တော်က မြင်နေရသေးတယ်။

"မင်းတို့တွဲနေကြတာဆို။ အခုပဲ စစ်နေပြောတယ်"

"ဖေဖေ ကျွန်တော်ပြောပြီးသား..."

"သူ့မှာ ပါးစပ်မပါလို့ ဝင်ဖြေပေးနေတာလား။ မင်းတစ်ခုခုထပ်ပြောမယ်ဆိုရင် ဒီကနေထွက်သွား"

ကျွန်တော် သက်ပြင်းတစ်ချက်ချလိုက်မိပေမဲ့ သော်ညံကတော့ ဖေဖေနဲ့ကိုကို့ကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်မသိမသာကြည့်ရင်း ဘာကိုမှန်းမသိ စူးစမ်းနေတယ်။ ဟိုဘက်ရန်သူကို လေ့လာနေတဲ့သူတစ်ယောက်ရဲ့ မျက်လုံးမျိုးနဲ့။

"မင်းက စစ်နေနဲ့အထက်တန်းမှာ တစ်တန်းတည်းတက်ခဲ့တာဆို။ သူငယ်ချင်းတွေလား"

"သူငယ်ချင်းမဟုတ်ပါဘူး။ ကျွန်တော် သူ့ကိုတစ်ခါမှမခင်ခဲ့ဘူး"

"ဘာ"

" သူနဲ့ တစ်ခါမှ သူငယ်ချင်းမဖြစ်ချင်ခဲ့ဖူးဘူး။ ဘယ်သူက ကိုယ်ကြိုက်တဲ့သူနဲ့ သူငယ်ချင်းဖြစ်ချင်မှာလဲ"

Ctrl+Z(Completed)Where stories live. Discover now