Chapter 53

283 29 7
                                    

"အလုပ်လျှောက်လွှာလား"

ဟုတ်သားပဲ။ တံ့ဘုန်းသစ်မေ့နေခဲ့တာ။ ဒီရက်ပိုင်း သားကိစ္စပဲခေါင်းထဲရောက်နေတာနဲ့ အလုပ်ထဲမှာတောင် အာရုံမစိုက်နိုင်ဖြစ်နေမိတာမို့လို့ ကိုယ့်ကိုယ်ကိုယ် တော်တော်စိတ်ကုန်သွားတယ်။ တကယ်က သားက အခု အိမ်ကနေထွက်သွားပြီး သူ့ဟာနဲ့သူ အခြေကျနေပြီ။ ပြီးတော့ သူ့ကောင်လေးနဲ့ Living Togetherနေနေပြီဖြစ်တဲ့ သားတစ်​ယောက်ကို အဖေက စိတ်မချလက်မချဖြစ်ပြီး အကုန်လိုက်ကြည့်၊ လိုက်ပြောနေတဲ့ ယဉ်ကျေးမှုကို တံ့ဘုန်းသစ်က ကြိုက်တဲ့သူမျိုးမဟုတ်ဘူး။ မိဘတစ်ချို့ကတော့ ကလေးကို ပစ်စလတ်ခတ် ထားတယ်လို့ပြောရင်ပြောနိုင်ပေမဲ့ ဒီလိုကိစ္စမျိုးမှာတော့ တံ့ဘုန်းသစ်က နိုင်ငံခြားယဉ်ကျေးမှုကို ပိုကြိုက်တယ်။ အဲ့ဒီအပြင် ဒေါ်ခင်ခင်ချို ကိစ္စကလည်း တံ့ဘုန်းသစ်ရော၊ လင်းအရုဏ်ရော ဝင်ပါလို့မရတော့ဘဲ သားကိုယ်တိုင် ဆုံးဖြတ်ရင်ဆိုင်ရမယ့်ကိစ္စဖြစ်သွားခဲ့ပြီလေ။

"ဒီတစ်ခေါက် ထူးထူးခြားခြားတစ်ယောက်ပါလာတယ် ဆရာ"

"ဘယ်သူမို့လို့လဲ"

စိတ်မပါလက်မပါပြန်ဖြေလိုက်ရင်း လက်ထောက်ချပြလာတဲ့ ကိုယ်ရေးအချက်အလက်ဖိုင်တွေဆီ အကြည့်ပို့လိုက်တယ်။

"ကျွန်တော်တို့လိုချင်နေတဲ့ မေဂျာကလည်းဟုတ်တယ်။ ပြီးတော့ ထိပ်တန်းကျောင်းသား။ Roll.1"

"အခုခေတ်မှာ အဲ့ဒါတွေမကြည့်တော့ဘူး။ ဘွဲ့မရသေးတဲ့ ကလေးတွေကိုတောင် နားလည်မှုနဲ့ ခန့်ပေးနေတာမလား"

"ပြီးတော့ အသက်လည်းငယ်သေးတယ်။ အလုပ်သာရမယ်ဆိုရင် bondလည်းထိုးနိုင်တယ်တဲ့"

"အဲ့ဒါက ဘာတွေများထူးခြားနေလို့လဲ။ စီမံဌာနကို ထည့်ရမှာ။ IR နဲ့တွဲထားတယ်ဆိုပေမဲ့ နောက်ပိုင်းကျရင် စီမံအလုပ်တွေပဲပိုတိုးလုပ်ရမှာ။ လိုအပ်ရင် HRသင်တန်းတွေဖြည့်တက်ပြီး HRတောင်ဖြစ်သွားနိုင်သေးတယ်။ သူက ငါတို့လိုချင်နေတဲ့ IRကဆိုရင်တောင် သူက IRပိုင်းပဲလိုချင်တာဆိုရင် ရေရှည်ဖြစ်နိုင်မှာမဟုတ်ဘူး။ အလုပ်က ရာထူးမြဲချင်မှမြဲမှာ"

Ctrl+Z(Completed)Where stories live. Discover now