Chapter 26

313 39 26
                                    

ဒီညကိုက ညတာရှည်လွန်းတာပါ။ ဒီလိုပြောရအောင်ကလည်း အချိန်တော်တော်များများမှာ အိပ်ပျော်နေခဲ့တာမို့လို့ တစ်ချို့အချိန်တွေကို သိလိုက်တယ်တော့မရှိဘူး။ ကယောင်ကတမ်းနဲ့နိုးလာပြီး ရေသောက်ဖို့ ကုတင်ပေါ်က လူးလဲထမိရင် ပခုံးကို အသာလေးထိန်းပွေ့ပြီး ရေနွေးနွေးတစ်ခွက်တိုက်ပေးလာတဲ့ လက်တစ်စုံတော့ ရှိနေတာသေချာတယ်။ သူဘယ်အချိန်တွေနိုးနေပြီး၊ ဘယ်အချိန်တွေအိပ်နေပြီး ဘယ်အချိန်တွေ ကျွန်တော့်ကို စောင့်ကြည့်နေလဲဆိုတာတော့မသိဘူး။

"စစ်နေ"

"ဟင် ပြော ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား။ ခေါင်းကိုက်လို့လား။ တစ်ခုခုလုပ်ပေး..."

နှုတ်ခမ်းပေါ်လက်တင်ပြီး တိတ်တိတ်လေးနေဖို့ အရိပ်ပြတော့ တိခနဲ တိတ်သွားတယ်။ မျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်မိပေမဲ့ ပြာဝေနေတဲ့ အမြင်အာရုံထဲကို သူချက်ချင်းရောက်မလာဘူး။

"ငါ..."

"ရေငတ်နေသေးလို့လား"

ခေါင်းယမ်းပြရင်းမှ တဖြည်းဖြည်းကြည်လင်လာတဲ့ အမြင်အာရုံကို အားပြုပြီးနာရီကို လှမ်းကြည့်လိုက်တော့ မနက်လေးနာရီ။ ဖြည်းဖြည်းချင်းထထိုင်တဲ့အခါ ခေါင်းကတရိပ်ရိပ်မူးနေသေးပေမဲ့ စစ်နေရှေ့မှာ ထပ်လဲကျသွားလို့မဖြစ်တာမို့လို့ အိပ်ရာခင်းကို လက်နဲ့ကုပ်ထားရတယ်။

"မင်းမပြန်သေးဘူးလား"

"ငါကဒီအချိန်ကြီး ဘယ်လိုပြန်ရမှာလဲ"

ဟုတ်ပါရဲ့...ဘာတွေပြောနေမိပါလိမ့်။

"ဘာလိုချင်လို့လဲ"

သူ တောက်လျှောက် ရေနွေးတွေတိုက်နေတာမို့လား မသိဘူး။ ထထိုင်လိုက်မှ ဝေဒနာက ပိုပြီးဆိုးဆိုးရွားရွားထိုးတက်လာသလိုပဲ။ နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ရင်း စစ်နေကို မှုန်ကုတ်ကုတ်မော့ကြည့်လိုက်မိတယ်။

"သြော်"

သူ့ဆီက ထွက်လာတဲ့ အာမေဋိတ်သံ။ ဘာထဖြစ်တာလဲဆိုပြီး ပြန်မော့ကြည့်လိုက်မိတုန်းရှိသေးတယ်။ သူက ကျွန်တော့်ခါးပေါ်မှာ ပုံကျနေတဲ့ စောင်ကိုဆွဲဖယ်ပေးပြီး ခါးကနေ ခပ်ဖြည်းဖြည်း ဖက်လာတယ်။ ကျွန်တော့်လက်တွေကိုလည်း သူ့ကို အားပြုလို့ရအောင် ပခုံးပေါ် ဆွဲတင်ပေးတယ်။

Ctrl+Z(Completed)Where stories live. Discover now