Chapter 14

333 40 76
                                    

ကျွန်တော်တွန်းလွှတ်လိုက်တဲ့အားကြောင့် အိမ်သာတံခါးနဲ့ မျက်နှာ ပစ်ဆောင့်သွားတဲ့ မျိုးမြင့်ထွန်းနှာခေါင်းကနေ သွေးတွေစီးကျလာတယ်။ ဒါတောင် ဒီကောင်က ပြုံးနေနိုင်တုန်း။ ကျွန်တော့်ကို ပြန်စိုက်ကြည့်လာတဲ့ သူ့မျက်လုံးတွေက အရင်တစ်ချိန်ကလို တစ်လောကလုံးကို လှောင်ပြောင်ချင်နေတဲ့ ခပ်မှိုင်းမှိုင်းမျက်လုံးတွေ။

" မိန်းမလိုမိန်းမရနဲ့ လက်သီးပုန်းထိုးတာကို ငါအရမ်းမုန်းတာ မင်းအသိဆုံးပဲဟာကို အဲ့လိုမလုပ်စမ်းပါနဲ့ကွာ။ သူငယ်ချင်းအချင်းချင်း လက်လွန်ခြေလွန်မဖြစ်ချင်ပါဘူးဆို"

နှုတ်ခမ်းထောင့်တစ်ဖက်ကို ကွေးထားမိတာမို့ ကျွန်တော့်ရုပ်က အရင်ခင်ခဲ့ကြတုန်းက အလာပသလာပပြောနေတုန်းက မျက်နှာမျိုးကို အချဉ်နည်းနည်းဖောက်ထားတဲ့ပုံပေါက်နေနိုင်တယ်။

"မင်း စစ်နေရည်ကို ဒီလိုတွေလုပ်နေတုန်းက ငါဟိုမှာ ထိုင်ပြီး အမြဲကြည့်နေခဲ့တာ။ အခု ငါ့အလှည့်ကျမှသိတယ်။ နည်းနည်းတော့ နာသားပဲ"

ကုန်းကုန်းကွကွဖြစ်နေရာကနေ စကားခံပက်တဲ့ မျိုးမြင့်ထွန်းကိုမျက်လုံးအိမ်ကို အနည်းငယ် မှေးစင်းရင်း စိုက်ခနဲကြည့်လိုက်မိတယ်။

"မဟုတ်ဘူးပဲ။ အခုမှသတိထားမိတယ်။ မင်းစစ်နေရည်ကို အလွန်ဆုံး လက်သီးနဲ့ပဲထိုးတာ။ ဒီလိုမျိုး လူရုပ်မပေါက်တော့တဲ့အထိ တစ်ခါမှမလုပ်ဖူးဘူးပဲ။ နောက်ပိုင်းဆို လက်နဲ့ကို မထိတော့တာ။  အံ့သြစရာပဲ သော်ညံ ဟားဟား အံ့သြစရာကြီး။ ငါShipနေတာ မှန်များမှန်နေပြီလားမသိဘူး"

ရင်ထဲမှာ သွေးတွေတပွက်ပွက်ဆူစပြုနေပြီဆိုပေမဲ့ ကျွန်တော့်မျက်နှာထက်က အပြုံးကို ပျောက်ကွယ်မသွားအောင် ထိန်းထားနိုင်သေးတယ်။ ဒီကောင်က မပေါင်းဖြစ်တော့တဲ့ခဏလေးကို ထင်ထားတာထက် အများကြီး ဇောင်းကြွနိုင်တဲ့ ကောင်ကိုး။ နွားသိုးကို ကြိုးဖြတ်ပေးလိုက်သလိုပဲ။ ဗိုက်ဆာနေတဲ့ဝက်ကို ချီးတွင်းထဲ လွှတ်လိုက်မိတာ။

"ကြည့်ရတာ မင်းက ငါ့အချစ်ရေးကို အရမ်းစိတ်ဝင်စားနေတဲ့ပုံပဲ"

Ctrl+Z(Completed)Where stories live. Discover now