Chapter 18

339 31 50
                                    

နဂိုတည်းက အိမ်ကနေ ဒီလမ်းထဲကိုရောက်ဖို့ တော်တော်ဝေးထဲအပြင် ဒီရေကန်ဆီလာဖို့ကလည်း လှမ်းတာမို့လို့ ဒီနေ့မှ အပြန်လမ်းက ပိုရှည်နေသလိုပဲ။ ဟိုနားဒီနားလမ်းလျှောက်ချင်တဲ့အချိန်၊ စိတ်ပြေလက်ပျောက်တစ်ယောက်တည်း ထိုင်နေချင်တဲ့အချိန်တွေဆိုရင် အိမ်ကိုမပြောဘဲ ခိုးထွက်လာပြီး လာထိုင်နေကျနေရာ။ အိမ်ကို ပြောလိုက်ရင်တော့ ဖေဖေ ကျွန်တော့်ကို စောင့်ကြည့်ဖို့ ထည့်ထားတဲ့ ဒရိုင်ဘာက ကားကြီးနဲ့လိုက်ပို့ပြီး ကျွန်တော့်ကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေမှာမလား။

လွတ်လပ်မှုကို လိုချင်လို့ လာခဲ့တာ အခုက လိပ်ကျောကုန်းပေါ်ကနေ ဆင်းမရတဲ့ လိပ်ခွံဖြစ်နေတဲ့ ခံစားချက်ပဲ။

"မျိုးမြင့်ထွန်းရောက်လာပြီး ပြောပြလို့ ငါရောက်လာနိုင်တာ"

သူ့ဆီက စကားသံထွက်လာတယ်။ ဘယ်လိုမှ မတတ်သာဘဲ ဖက်တွယ်ထားရတာမို့ သူ့မှာ တော်တော်သန်မာတဲ့ ပခုံးတွေရှိနေတယ်ဆိုတာ အခုမှသတိထားမိတာ။ သူ့ကျောပေါ်ခွထားတဲ့ ကျွန်တော့်ကို ပေါင်ကနေ ပွေ့ထားတဲ့လက်တွေမှာလည်း တစ်ခါမှမမှန်းဆဖူးတဲ့ ခွန်အားတွေနဲ့။ သူ့ကျောပြင်နဲ့ဖိကပ်ထားရတဲ့ ကျွန်တော့်ရင်ထဲမှာ ခံစားချက်ပေါင်းစုံနဲ့ ဗလောင်ဆူနေတာကို သူသိသွားမှာလည်း စိတ်ပူနေမိတယ်။

"မင်း...."

စကားစလိုက်မိပြီးမှ မေးလို့ဖြစ်ပါ့မလား ဆိုတဲ့အတွေးနဲ့ ခဏရပ်သွားတော့...

"အင်း ပြောလေ"

သူကစကားထောက်ပေးတယ်။ သူစကားပြောလိုက်တိုင်း သူ့ကျောက တုန်ခါမှုက ကျွန်တော့်ရင်ဘတ်ကို လာလာရိုက်နေတယ်။

"ဘာလို့လဲ"

"ဟင်"

"ဘာလို့ရောက်လာတာလဲ"

တကယ်က မေးချင်နေတဲ့ "ဘာလို့လဲ"တွေက အရမ်းကိုများနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်ကထွက်နိုင်တာ အဲ့ဒီတစ်ခုပဲ။

"ငါလည်းမသိဘူးလေ။ ဘာလို့ရောက်လာမိမှန်း"

တော်တော်ဗရုတ်ကျတဲ့ အဖြေ။

"တကယ်လို့ ငါတို့ ရှုံးသွားပြီး သေကောင်ပေါင်းလဲ ဖြစ်တဲ့အထိ အရိုက်ခံရရင်ရော"

Ctrl+Z(Completed)Where stories live. Discover now