Chapter 3

496 46 53
                                    

အငုံ့စိတ်နဲ့  ကြီးပြင်းလာရတဲ့ကလေးတစ်ယောက်နဲ့ အနှိမ်ခံရင်း ကြီးပြင်းလာရတဲ့ နောက်ထပ်ကလေးတစ်ယောက်။

သူတို့ဟာ ခေါင်းလေးငုံ့ ဂုတ်ကလေးပုပြီး လူမြင်ရင် အထိတ်ထိတ်အလန့်လန့်နဲ့ ရှောင်ဖယ်ရှောင်ဖယ်လုပ်တတ်တဲ့ကလေးတစ်ယောက်ဖြစ်ရင်ဖြစ်လာ။ မဖြစ်လာရင် သူ့ရင်ထဲမှာရှိသမျှ မကျေနပ်ချက်တွေ၊ အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေကို ဖုံးဖိဖို့အတွက် တခြားလူကိုပြန်အနိုင်ကျင့်၊ ကိုယ့်ထက်သာတဲ့ သူတွေကို တွေ့ရင် မရတော့ဘူး....အပြစ်မရှိရှိအောင်ရှာပြီး ထိုင်Blame တော့တဲ့ ကလေးတွေ ဖြစ်လာတတ်ကြတယ်။ အငုံ့စိတ်ရှိတဲ့ သူတို့တွေက သူတို့မှာ ဘာမှမရှိဘူးဆိုတာကိုသိနေတာမို့လို့ သူတို့ထက်တစ်ယောက်ယောက်က တစ်ခုခုသာတယ်ဆိုတာကိုသိပြီဆိုတာနဲ့ အဲဒီ လူအပေါ် စောင်းဟယ်မြောင်းဟယ်နဲ့ အပြစ်ကလေးတင်ပြီး ဟောင်ဖွာဟောင်ဖွာလေးလုပ်လိုက်ရမှ စားဝင်အိပ်ပျော်တဲ့ လောကကြီးရဲ့ အဆိုးရွားဆုံးလူတွေဖြစ်လာတတ်ကြတယ်။

ဘယ်လိုပြောရမလဲ....လူရှေ့မှာတော့ စောက်တတ်ကြီးတွေပေါ့။ တကယ်က သူတို့က အခွံကြီးပဲရှိတယ်ဆိုတာ သူတို့ကိုယ်သူတို့ အသိဆုံးပဲ။ အဲဒါကြောင့်လည်း တခြားလူတွေ သေခါနီးအချိန်ခဏလေးကျမှ သေမှာကြောက်ပြီး ရုန်းကန်ရတဲ့ သွေးရူးသွေးတန်းအချိန်ကို သူတို့မှာ တစ်ဘဝလုံးရင်ထဲပိုက်ပြီး ကြောက်ကန်ကန်နေကြရတာ။ တွေးကြည့်မယ်ဆို သနားစရာတော့အကောင်းသားရယ်....မဟုတ်ဘူး...တစ်လောကလုံးမှာ သူတို့က သနားစရာအကောင်းဆုံး လူတွေပါ။

စစ်နေက ဘယ်လိုလူစားထဲမှာပါမလဲ။ ကျွန်တော်ကရော အဲဒီအမျိုးအစားနှစ်ခုထဲက ဘယ်တစ်ခုဖြစ်နေမလဲ။

စာစီစာကုံးပြိုင်ပွဲနေ့က တဖြည်းဖြည်းကပ်လာတယ်။ ကြားထဲက ရက်တွေကတော့ အရင်လိုပဲသူ့ကို မထိတထိကလိလိုက်၊ မုန့်ပြေးဝယ်ခိုင်းလိုက်၊ စိတ်မထင်ရင်မထင်သလို ဒုက္ခပေးလိုက်နဲ့ ဖြတ်သန်းလာတာပေါ့။ ပြိုင်ပွဲဆိုတာ ခေါင်းထဲတောင်မရှိသလို။ သူကလည်း အရင်လိုပဲ ကျွန်တော့်ရှေ့မှာ မျက်လွှာချထားတယ်။ ဒေါသထွက်လာပြီဆို ခပ်စူးစူးမော့ကြည့်မယ်။ ပြီးရင်လည်း ခိုင်းတဲ့အတိုင်းလုပ်ပေးရပြီး အနိုင်ကျင့်တာခံရတာပဲများ။ အလကားကောင်။

Ctrl+Z(Completed)Where stories live. Discover now